Blog Detail Pic

ကြောင်နဲ့ ဓာတ်မတည့်တဲ့သူတွေရှိလား

by | 15 Mar 2022

ကြောင်နဲ့ ဓာတ်မတည့်ဘူးဆိုတာက ကြောင်ကို မချစ်တာ၊ ကြောင်ကို ကြည့်မရတာကို ပြောတာမဟုတ်ပါဘူး။ ကြောင်အနားကပ်လိုက်တာနဲ့ ဓါတ်မတည့်တဲ့ လက္ခဏာတွေ စခံစားရတာကို ပြောတာပါ။ ကြောင်မချစ်တဲ့သူတွေမှာ ဒီလို ကြောင်နဲ့ ဓါတ်မတည့်တဲ့ လက္ခဏာတွေရှိရင် ပြဿနာ မရှိပေမယ့် ကြောင်ချစ်တဲ့သူတွေ အဖို့ကတော့ ဒီလို ကိုယ်ချစ်တဲ့ ကြောင်လေးနဲ့ ကိုယ်နဲ့က ဓါတ်မတည့်ဘူးဆိုတဲ့ ခံစားမှုဟာ တော်တော်ကိုခံရခက်ပါတယ်။


ကြောင်နဲ့ဓါတ်မတည့်တာ ဘာကြောင့် ဖြစ်ရတာလဲ ။ ။


ကြောင်ရဲ့ တံတွေး၊ အမွှေးမျှင်မှာ ကပ်နေတဲ့ဖုန်တွေ၊ ဆီး၊ ဝမ်းတို့ကို ကြောင်နဲ့ ဓါတ်မတည့်တဲ့သူတွေရဲ့ ကိုယ်ခန္ဓါက ပြင်းထန်စွာ တုန့်ပြန်တတ်ပါတယ် ။ တစ်ချို့ကြောင်နဲ့ လုံးဝ ဓါတ်မတည့်သူတွေဆို ကြောင်ရှိတဲ့အိမ်ကို သွားလိုက်မိတာနဲ့တင် ဓါတ်မတည့်မှု ဆိုးဆိုးဝါးဝါး ဖြစ်တတ်ပါတယ်။ ဓါတ်မတည့်မှုဝေဒနာတွေ ခံစားနေတဲ့သူ၊ ပန်းနာရင်ကြပ်ရှိနေတဲ့သူတွေက ကြောင်နဲ့ ဓါတ်မတည့်မှု ပိုဖြစ်တတ်ပါတယ်။



ကိုယ့်ဆီမှာ ဒီလို ကြောင်နဲ့ ဓါတ်မတည့်တဲ့ လက္ခဏာတွေ စတင်ခံစားနေရပြီဆို သတိထားဖို့လိုပါတယ်။ ။ ကြောင်အနားကပ်လာပြီ ( ဒါမှမဟုတ် ) ကြောင်ရှိတဲ့ အိမ်ကို ရောက်သွားပြီဆိုတာနဲ့


• ပန်းနာရင်ကြပ်ရှိတဲ့သူတွေ ကြောင်နဲ့တွေ့ပြီး ပန်းနာရင်ကြပ်ရောဂါ ပြန်ထလာတာ


• အသက်ရှူလမ်းကြောင်းဆိုင်ရာ လက္ခဏာတွေ ဖြစ်တဲ့ – ေချာင်းဆိုး၊ နှာစေး၊ နှာခေါင်းပိတ်တာတွေ

• မျက်လုံးတွေယားပြီး နီနေတာမျိုး

• အရေပြားမှာ အနီကွက်ထပြီး ယားတာမျိုး

• ကြောင်ဆီက ထွက်လာတဲ့ အမှုန်တွေ ထိတဲ့နေရာ ကြောင်ထိသွားတဲ့နေရာမှာ အနီကွက်ဖြစ်ပြီး ယားယံတာ တွေဖြစ်တတ်ပါတယ်။

ပြင်းထန်ဓါတ်မတည့်ခြင်း လက္ခဏာတွေကတော့ အသက်ရှူကြပ်တာ၊ ေသွးပေါင်တွေ ထိုးကျသွားတာ၊ သတိလစ်သွားတာတို့ပါ။ ဒီလက္ခဏာတွေက ပြင်းထန်ဓါတ်မတည့်ခြင်း လက္ခဏာတွေ ဖြစ်လို့ ဒီလက္ခဏာတွေ ရှိရင် ဆေးကုသမှုချက်ချင်းခံယူဖို့ မပေါ့ဆသင့်ပါဘူး။


ကြောင့်ရဲ့ အမွေးတွေ၊ ကြောင်ဆီက အမှုန်တွေက ပရိဘောဂတို့၊ ကြမ်းပြင်တို့၊ ကောဇောတို့မှာ ကပ်ကျန်နေတတ်တာကြောင့် ကြောင်မရှိတော့ရင်တောင် ဓါတ်မတည့်တဲ့ လက္ခဏာတွေ ဆက်ပြီးခံစားရတတ်ပါတယ်။


ဒီလို ပြဿနာကို ကုသလို့ရပါသလား ။ ။


ကြောင်နဲ့ ဓါတ်မတည့်တဲ့ ပြဿနာဟာ အခြားဓါတ်မတည့်တဲ့ ပြဿနာတွေလိုပဲ ကုသလို့ရတဲ့ ဓါတ်မတည့်မှုတစ်မျိုးပါ။ ဆေးကုသလိုက်ရင် ကြောင်နဲ့ ဓါတ်မတည့်တာမျိုး မရှိတော့တာကို ပြောတာမဟုတ်ပါဘူး။ ဓါတ်မတည့်တဲ့ လက္ခဏာတွေကို ပိုဆိုးမသွားအောင်ထိန်းထားနိုင်တာမျိုးပါ။

• ပန်းနာရင်ကြပ်ရှိတဲ့သူတွေဟာ ဆရာဝန်နဲ့တိုင်ပင်ပြီး ဆေးငွေ့ထပ်ရှူတာမျိုး၊ ဖြန်းဆေးရှူတာမျိုး၊ ဆေးသောက်တာမျိုး လုပ်ပေးလို့ရပါတယ်။

• ကြောင်နဲ့ဓါတ်မတည့်တတ်ရင် အိမ်မှာ ကောဇော မခင်းထားပါနဲ့။ ကောဇောတွေမှာ ဖုန်တွေ ၊ ကြောင်အမွှေးတွေ ကပ်နေနိုင်လို့ပါ။

• အိမ်ခန်းထဲ၊ အိပ်ရာထဲ၊ ကို ကြောင်တွေ မဝင်နိုင်အောင်သေချာ ပြင်ဆင်ထားပါ။ ခြင်လုံဇကာ တပ်ထားတာမျိုးတို့ပေါ့။

• ဘေးအိမ်မှာကြောင်တွေ မွေးထားရင်လည်း ဘေးအိမ်ကလူတွေကို ကြောင်အမွှေးတွေကို သန့်ရှင်းပေးဖို့ ပြောပေးပါ။

• ကိုယ့်မှာ ကြောင်နဲ့ဓါတ်မတည့်တဲ့ ပြဿနာရှိနေရင် ကြောင်ကို ဘယ်လောက်ချစ်ချစ် ကိုင်တွယ် ပွတ်သတ်ခြင်း မလုပ်ပါနဲ့။

• ဓါတ်မတည့်မှု ပြင်းထန်တတ်တဲ့သူတွေ အနေနဲ့ ဆရာဝန်နဲ့တိုင်ပင်ပြီး ထိုးဆေးကိုအိမ်မှာဆောင်ထားက အရေးကြုံလာတိုင်း ဆေးထိုးတတ်အောင် သင်ထားသင့်ပါတယ်။


ဒီလို ဓါတ်မတည့်တဲ့ ပြဿာနာရှိသူတွေ ဘာတွေ သိထားသင့်သေးလဲ ။ ။


• ကြောင်နဲ့ဓါတ်မတည့်ဘူးဆိုတော့ အဓိကက ကြောင်နဲ့ မထိတွေ့ဖို့ပါဘဲ။ ကိုယ်က ကြောင်မွေးထားရင် ကြောင်ကို သူများပေးလိုက်သင့်သလို ကြောင်ရှိတဲ့အိမ်တွေကိုလည်း ရှောင်သ့င်ပါတယ်။

• ပြောမယ့်သာ ပြောရတာ ကြောင်ချစ်တတ်တဲ့သူတွေ အတွက်တော့ ဒီလို ကိုယ့်ကြောင်လေးကို သူများပေးလိုက်ရမယ့်ကိစ္စဟာ တွေးတောင်မကြည့်နိုင်တဲ့ကိစ္စပါ.။ ဒီတော့ ကြောင်ကိုဆက်ထားမယ်၊ ဆေးသောက်မယ် ဒီလိုဆိုရလား ။

ကြောင်ဓါတ်မတည့်မှုဟာ အရမ်းကြီးပြင်းထန်မနေရင်တော့ ဆေးသောက်မယ်၊ ကြောင်မွေးတွေကိုလည်း သေချာ သန့်ရှင်းရေးလုပ်မယ်၊ အိမ်မှာလည်း ကြောင်ကိုနေရာသီးသန့်ခွဲပေးထားပြီး အိပ်ခန်းထဲ အဝင်မခံဘူး၊ ကောဇောလည်း ခင်းမထားဘူးဆိုရင်ကြောင်ကို အိမ်မှာဆက်ထားလို့ရပါတယ်။