Blog Detail Pic

အစာစားပြီးချိန်မှာ မလုပ်သင့်တဲ့ အလေ့အထများ

by | 21 Mar 2022

အစားစားပြီးချိန်မှာ အခုပြောမယ့် အပြုအမူတွေကို အလေ့အကျင့်တစ်ခုလို လုပ်မိနေလား၊ ဒါဆိုရင်တော့ အခုပဲပြင်လိုက်ပါလို့ပြောပါရစေနော်။ အကြောင်းကတော့ အမှတ်တမဲ့လုပ်မိနေတဲ့ အလေ့အထတွေကြောင့် ကျန်းမာရေးကိုထိခိုက်လာစေနိုင်တာကြောင့်ပါ။


အိပ်တာ


အားလပ်ရက်နေ့လယ်နေ့ခင်းတွေမှာ ထမင်းစားပြီးတာနဲ့ တစ်ရေးလောက်ဆိုပြီး အိပ်မိနေတယ်ဆိုရင် မအိပ်ပါနဲ့။ ညဘက်တွေမှာလည်း ညစာကိုနောက်ကျမှစားပြီး အိပ်တာမျိုးမလုပ်ပါနဲ့။ ဒီလိုလုပ်တာက အစာခြေစနစ်ကို ဝန်ပိစေပြီး အစာမကြေတာမျိုးဖြစ်စေနိုင်တာကြောင့်ပါ။ ဒီလိုအိပ်လိုက်တဲ့အခါ အစာခြေအက်ဆစ်တွေက အစာအိမ်ထဲကနေတဆင့် အစာပြွန်ထဲကိုရောက်ရှိလာပြီး ရင်ပူတာမျိုးဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် အကောင်းဆုံးက အစားစားပြီး ၂ နာရီကြာမှ အိပ်ဖို့ပါ။


ဆေးလိပ်သောက်တာ


အစားတစ်ခုခုစားပြီးရင် ခံတွင်းချဉ်လို့ဆိုပြီးဆေးလိပ်လေးတစ်လိပ်လောက်သောက်လိုက်ရမှ စိတ်ကျေနပ်တယ်ဆိုရင်တော့ ဒီအလေ့အကျင့်ကိုဖျောက်ဖို့ပြောပါရစေနော်။ အကြောင်းကတော့ အစစားစားပြီးချိန်မှာဆေးလိပ်သောက်တာက ပုံမှန်ချိန်မှာဆေးလိပ်သောက်တာထက် ခန္ဓါကိုယ်ကို ထိခိုက်နိုင်ခြေ ၁၀ ဆလောက်ပိုများနေနိုင်ပါတယ်။ ဒါကြောင့် အစားတစ်ခုခုစားပြီးချိန်မှာဆေးလိပ်မသောက်ပါနဲ့။


ရေချိုးတာ


အစားတစ်ခုခုစားပြီးမှရေချိုးတာက အစာခြေစနစ်ရဲ့လုပ်ဆောင်မှုကိုနှေးသွားစေနိုင်ပါတယ်။ အကြောင်းကတော့ရေချိုးချလိုက်တဲ့အခါ အစာအိမ်ဆီကိုရောက်ရှိရမယ့်သွေးတွေက အစာခြေစနစ်ကိုမရောက်ရှိဘဲ ခန္ဓါကိုယ် အပူချိန်ကိုထိန်းညှိဖို့အတွက် ခန္ဓါကိုယ်အနှံ့ကို စီးဆင်းသွားတာကြောင့် အစာခြေစနစ်ရဲ့ လုပ်ဆောင်နိုင်စွမ်းကျဆင်းသွားနိုင်တာကြောင့်ပါ။


သစ်သီးစားတာ


အစာအစာတစ်ခုချင်းစီအလိုက် ခန္ဓါကိုယ်ရဲ့ အစာခြေမှုအရှိန်ကလည်းကွာခြားပါတယ်။ ထမင်းမစားခင် သစ်သီးစားတာက အစာကြေစေဖို့ လွယ်ကူနိုင်စေပေမယ့် အစားစားပြီးစမှာ သစ်သီးစားတာကတော့ အစာခြေစနစ်ကိုနှေးသွားစေနိုင်ပြီး အစာမကြေတာမျိုးဖြစ်နိုင်ပါတယ်။ ဒါကြောင့် သစ်သီးကို ကြိုက်တယ်ဆိုရင်တောင် ထမင်းစားပြီး ၂ နာရီကြာမှ စားပေးပါ။


ရေနွေးကြမ်းသောက်တာ


အစားတစ်ခုခုစားပြီးတိုင်းရေနွေးကြမ်းသောက်ရတာကို သဘောကျတယ်ဆိုရင်တော့ ဒီအချက်လေးကိုသေချာဖတ်ကြည့်ဖို့ိုမှာပါ။ စားလိုက်တဲ့ အစားအစာထဲမှာ ပရိုတင်းပါဝင်နေပြီး ထမင်းစားပြီးချိန်မှာရေနွေးကြမ်းသောက်သုံးတာက ပရိုတင်းကိုချေဖျက်နိုင်စွမ်းကျဆင်းစေနိုင်သလို ခန္ဓါကိုယ်ရဲ့ သံဓါတ်စုပ်ယူမှုကိုလည်း အဟန့်အတားဖြစ်စေနိုင်ပါတယ်။ ဒါကြောင့်ရေနွေးကြမ်းကြိုက်တယ်ဆိုရင်တောင် ထမင်းစားပြီး တစ်နာရီကြာမှသောက်စေချင်ပါတယ်။


လေ့ကျင့်ခန်းလုပ်တာ


ဒါကတော့ အထွေအထူးပြောနေစရာမလိုအောင်ပါ။ အစားတစ်ခုခုကိုပြည့်ပြည့်ဝဝစားပြီးလေ့ကျင့်ခန်းလုပ်တာက အစာခြေစနစ်ရဲ့ လုပ်ဆောင်မှုကို အနှောင့်အယှက်ဖြစ်စေပြီးအော့အန်တာ၊ ဗိုက်အောင့်တာမျိုးတွေကိုပါဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် အစားတစ်ခုခုစားပြီးလို့ ၂ နာရီကနေ ၃နာရီလောက်ကြာမှလေ့ကျင့်ခန်းလုပ်သင့်ပါတယ်။




လမ်းလျှောက်တာ


အများကလက်ခံထားတာက အစားတစ်ခုခုစားပြီးလို့ လမ်းလျှောက်လိုက်ရင် ရင်ချောင်သွားမယ်၊ အစာကြေသွားမယ်လို့ပေါ့။ တကယ်ကတော့ ဒီလိုမဟုတ်ပါဘူး။ အစားစားပြီးပြီးချင်း လမ်းလျှောက်တာက စားချဉ့်ရည်တွေကိုပြန်ဆန်တက်စေနိုင်ပြီး အစာမကြေပိုဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် အစားစားပြီးလို့ ၁ နာရီ ၁ နာရီခွဲလောက်နေမှ လမ်းလျှောက်ပေးပါ။ ဒါမှ အစာမကြေတာနဲ့ အခြားသော အစာခြေစနစ်ပြဿနာတွေ ကင်းစေမှာပါ။