Blog Detail Pic

ပူပြင်းလွန်းတဲ့နွေရာသီမှာ ကျန်းမာဖို့အတွက် အကြံပြုချက်များ

by | 28 Mar 2022

နွေရာသီရဲ့ တကယ့်ကို အပူပြင်းဆုံးအချိန်ကာလကို တဖြည်းဖြည်း ချဉ်းနင်းဝင်ရောက်လာနေပါပြီ။ အပူရှိန်ဟာ တဖြည်းဖြည်းမြင့်တက်လာနေပြီမို့ နေအိမ်မှာ နေရထိုင်ရတာကလည်း သက်သောင့်သက်သာ အနေအထားတော့ မဟုတ်လှပါဘူး။


ဒီလိုပူပြင်းတဲ့နွေရာသီမှာ ကျန်းမာရေးနဲ့ ညီညွတ်စွာနေထိုင်နိုင်ဖို့ အလွန်လိုအပ်ပါတယ်။ ရာသီဥတုပူပြင်းတာမို့ ရောဂါဘယကူးစက်နိုင်ခြေမြင့်မားပြီး အရေပြားရောဂါတွေ၊ နေလောင်တာ၊ လေဖြတ်တာနဲ့ ရေဓာတ်ဆုံးရှုံးနိုင်တာတွေ ဖြစ်နိုင်ခြေမြင့်မားလှပါတယ်။


ဒီအခြေအနေတွေကို ရှောင်လွှဲနိုင်ဖို့ဆိုရင် အောက်ပါနည်းလမ်းတွေကို အသုံးပြုပြီး ကျန်းမာအောင် ကိုယ့်ကိုယ်ကို စောင့်ရှောက်ပြုစုနိုင်ပါတယ်။


၁။ ရေဓာတ်မဆုံးရှုံးပါစေနဲ့


နွေရာသီမှာ ရေဓာတ်မဆုံးရှုံးဖို့က အဓိကပါပဲ။ ရေများများသောက်ပေးဖို့ ဂရုစိုက်ပါ။ အထူးသဖြင့် မိုးလင်းတာနဲ့ ရေ ၂ ဖန်ခွက် ကနေ ၄ ဖန်ခွက်လောက်အထိ သောက်ထားပေးပါ။ လေ့ကျင့်ခန်းလုပ်ပြီးတိုင်းလည်း အဆိုပါပမာဏအတိုင်း သောက်ပေးပါ။ တစ်နေ့တာအတွက် ရေ ၈ ခွက်ကနေ ၉ ခွက်ဝန်းကျင်အထိ သောက်ပေးဖို့ လိုအပ်ပါတယ်။ ဘယ်သွားသွား ရေဘူးဆောင်သွားဖို့လဲ မမေ့ပါနဲ့။


၂။ လေ့ကျင့်ခန်းအလွန်အကျွံမလုပ်ပါနဲ့


အေရိုးဗစ်လို လေ့ကျင့်ခန်းမျိုးတွေ ကိုယ်တွင်း အပူချိန် ထိန်းညှိဖို့နဲ့ နှလုံးကျန်းမာဖို့အတွက် အရမ်းကို အထောက်အကူပြုတဲ့ နည်းလမ်းတွေဖြစ်ပါတယ်။ ကိုယ်က နေ့စဉ်လေ့ကျင့်ခန်းလုပ်နေကြလူမျိုးဆိုရင် ပေါ့ပါးတဲ့လေ့ကျင့်ခန်းမျိုးတွေ၊ ယောဂလိုလေ့ကျင့်ခန်းမျိုးတွေပဲ လုပ်ပါ။ အလွန်အမင်းပြင်းထန်တဲ့ေ့လကျင့်ခန်းတွေဟာ ပူပြင်းတဲ့ရာသီဥတုတွေနဲ့ မသင့်လျော်ပါဘူး။


၃။ အာဟာရပြည့်ဝအောင် စားသောက်ပါ


အစားအသောက် မှီဝဲရာမှာ အာဟာရပြည့်ဝစေဖို့ အဓိကထားရပါမယ်။ ကိုယ်အလေးချိန် လျှော့ချနေသူတွေအနေနဲ့ Diet စတိုင်နဲ့ စားသောက်တာမျိုးတွေကို တတ်နိုင်သမျှ လျှော့ချပြီး အာဟာရမျှတစွာစွားသောက်သင့်တဲ့အချိန်ဖြစ်ပါတယ်။ ကျန်းမာရေးနဲ့ မညီညွတ်တဲ့ အသင့်စားအစားအသောက်တွေထက် အသီးအနှံတွေကို ပိုမိုမှီဝဲတာကလည်း ကောင်းမွန်တဲ့ နည်းလမ်းဖြစ်ပါတယ်။


၄။ အသားအရည် ထိမ်းသိမ်းပါ


ကိုယ်က လှလှပပမနေတတ်ရင်တောင်မှ အရေပြားခြောက်သွေ့ပြီး အရေပြားရောဂါတွေ မဖြစ်ပေါ်စေဖို့ Sun Cream လို Moisturizer လို အရာမျိုးတွေ သုံးပေးဖို့ လိုအပ်မှာပါ။ ခုလို ပူပြင်းခြောက်သွေ့တဲ့ရာသီမျိုးမှာ တစ်နေ့ကို ၃ ကြိမ်လောက် အရေပြားစိုစွတ်အေးမြစေမယ့် ခရင်မ်မျိုးတွေ လိမ်းပေးဖို့ လိုအပ်မှာဖြစ်ပါတယ်။


၅။ ပေါ့ပေါ့ပါးပါး အဝတ်အစားများကို ဝတ်ဆင်ပါ။


အင်္ကျီအရောင်ဖျော့ဖျော့၊ ပွပွချောင်ချောင်တွေ ဝတ်ပါ၊ အနက်ရောင်တို့လို အရောင်ရင့်ရင့်တွေက အပူစုပ်တာကြော့် အဖြူရောင်၊ အပြာဖေျာ့ဖျော့တို့လို အရောင်ဖေျာ့ဖျော့အကျီတွေ ဝတ်ဆင်ပေးပါ။ အင်္ကျီတွေကို ခပ်ကျပ်ကျပ်ဝတ်ဆင်တာက ခန္ဓာကိုယ်အပူချိန်ကို တိုးစေနိုင်ပါတယ်။


၆။ ထိခိုက်ဒါဏ်ရာ ရရင် ဂရုစိုက်ပါ


ပူတဲ့ကာလတွေမှာ ထိခိုက်ဒါဏ်ရာတွေ၊ အနာတွေကို ကုသရတာ ပိုပြီး လက်ဝင်ပါတယ်။ သွေးပိုထွက်လာနိုင်တာမျိုးဖြစ်နိုင်သလို ပိုးမွှားတွေ ကူးစက်နိုင်ခြေလည်းများပါတယ်။ first aid kit တွေကို ကြိုတင်ဆောင်ထားသင့်သလို လိုအပ်မယ့် ဆေးဝါးမျိုးတွေကိုလည်း ကြိုတင်စုဆောင်းသိမ်းဆည်းထားသင့်ပါတယ်။