Blog Detail Pic

ဝက်ခြံတွေ မပေါက်အောင် ဒါတွေရှောင်

by | 01 Apr 2022

၂၁ရာစုမှာ ချောလှတာမျိုးထက် အဖုအပိန့်ကင်းပြီး အသားအရည် ချော မွေ့တာကို လူ တော် တော်များများက ပိုပြီးသ ဘောကျလာကြပါတယ်။ ဝက်ခြံထွက်လာလို့ အ ရေပြားဆရာဝန်နဲ့ ပြသတာ ကောင်းတယ်ဆို ပေမယ့် နေ့စဉ် မိမိစား နေတဲ့အစားအစာတွေနဲ့ မိမိ မသိလိုက်ဘဲ အမှုမဲ့အမှတ်မဲ့ လုပ်မိတဲ့ အကျင့်တေွကြောင့် ဝက်ခြံ ကိုပိုဆိုးစေနေပြီလားဆိုတာကို သတိထားမိမှာမဟုတ်တဲ့အတွက် အောက်မှာ ဖော်ပြ ပေးသွားမယ့်အချက်လေး တွေကို တတ်နိုင်သ လောက် ရှောင် စေချင်ပါတယ်။

၁. နို့နဲ့ နို့ထွက်ပစ္စည်းတွေကို ရှောင်ပါ။
နိုနှင့် နိုထွက်ပစ္စည်းများ အထူးသဖြင့် နွားနို မှာ ပါဝင်တဲ့ ဟော်မုန်း တချို က ဝက်ခြံကိုပိုဆိုး စေတယ်ဆိုပြီး ယူဆထားကြပါတယ်။ ဒါဆို အဆီထုတ်ထားတဲ့ နွားနို သောက်ရင် ကောအဆင် ပြေနိုင်မလား ❓ တကယ် တော့ အဆီထုတ်ထားတဲ့ နွားနိုမှာ ထည့်ထားတဲ့ နိုပရိုတိန်းတချိုဖြစ်တဲ့ whey နဲ့ casein တိုက ဝက်ခြံကို ပိုပြီးယောင်ရမ်း စေတဲ့အတွက် ကြောင့် မ သောက်သုံးသင့်ပါဘူး။

၂. အရက်ဘီယာ
အရက်ဘီယာအများကြီး သောက်သုံးမယ်ဆိုရင် ခန္ဓာကိုယ်ထဲကဟော်မုန်း တချိုဖြစ်တဲ့ ကျား/မ ဟော်မုန်း မညီမျှတာ တွေ ဖြစ်လာပြီး အဆီ၊ ပိုးမွှား တွေနဲ့ ချွေး ပေါက်ပိတ် စေနိုင်ကာ ဝက်ခြံ breakout ဖြစ် စေနိုင်ပါတယ်။

၃. အချိုဓါတ်လွန်ကဲတဲ့ အစားအစာတွေနဲ့ အသင့်စားအစားအစာတွေကို ရှောင်ပါ။
အချိုဓါတ် တွေလွန်ကဲစွာပါဝင် နေတဲ့ အစားအစာ တွေက သွေးထဲက insulin ကို မြင့်တက် စေပါတယ်။ လိုတာထက်ပို နေတဲ့ insulin တွေက အ ရေပြားမှာရှိ နေတဲ့ အဆီ တွေကို ပိုထွက် စေကာ မွှေးညှင်း ပေါက် လေး တွေနဲ့ ချွေး ပေါက် တွေကို ပိတ် စေပြီး ဝက်ခြံဖြစ် စေနိုင်ပါတယ်။ အသင့်စား အစားအစာ တွေကလည်း ခန္ဓာကိုယ်အတွက် မ ကောင်း စေဘူးဆိုတာ အားလုံးပဲသိရှိပြီးသား ဖြစ်ပါလိမ့်မယ်။ ဆီ ကြော်မုန့် တွေ၊ ဟန်ဘာဂါ၊ ပီဇာ စတဲ့ အဆီများတဲ့ အစားအစာ တွေမှာ ကျန်းမာ ရေးကို ထိခိုက် စေနိုင်တဲ့ ပြည့်ဝဆီ (saturated fats) တွေ များစွာပါဝင်တဲ့အတွက် ဟော်မုန်း မညီမျှ တော့တာ တွေ၊ သွေးတွင်းသကြားဓါတ် မြင့်တက် စေတာ တွေ ဖြစ် စေနိုင်ပါတယ်။

၄။ မျက်နှာကို ပုံမှန် သန့်စင်ပေးပါ။
မျက်နှာပေါ်မှာ ဝက်ခြံက မပြတ်ဘူး ဖြစ်နေမယ်ဆိုရင် တစ်နေ့ကို အနည်းဆုံး (၂) ကြိမ် မျက်နှာကို သေချာလေး သန့်စင်ပေးပါ။ မျက်နှာ ခဏခဏ သစ်တာကလည်း အသားအရေကို ထိခိုက်စေနိုင်ပြီး ဝက်ခြံဖြစ်စေနိုင်တာကြောင့် တစ်နေ့ကို (၂) ကြိမ်ကတော့ အကောင်းဆုံးပါ။
တိတိကျကျ ပြောပြရရင်တော့ ဝက်ခြံ ပျောက်ဖို့ဆိုရင် အခုလို အခြေအနေမျိုးမှာ မျက်နှာကို သန့်စင်ဖို့ လိုပါမယ်။
• မနက် အိပ်ရာထတဲ့အချိန်
• ညဘက် အိပ်ရာ မဝင်ခင်
• မျက်နှာမှာ ချွေးတွေအရမ်းထွက်နေတဲ့အခါမျိုးတွေမှာ မျက်နှာကို သေချာလေး သန့်စင်ပေးပါ။

၅။ လက်နဲ့ ခဏခဏ မထိပါနဲ့။
မျက်နှာပေါ်မှာ ဝက်ခြံ မပြတ်ရတဲ့ အကြောင်းအရင်း တစ်ခုက မျက်နှာကို လက်နဲ့ ခဏခဏ ဆိတ်ဆွနေလို့ပါ။ လက်မှာ ကပ်နေတဲ့ ဘက်တီးရီးယားတွေ၊ ဖုန်မှုန့်တွေက ဝက်ခြံတွေကို ပိုဆိုးစေနိုင်ပါတယ်။


ကဲ ……ဝက်ခြံရယ်တဲ့ မပြတ်ဘူးဖြစ်နေရင် အခုပြောခဲ့တဲ့ နည်းလမ်းလေးတွေကို သေချာလေး လိုက်လုပ်ကြည့်လိုက်နော်။