Blog Detail Pic

လူငယ်တွေမှာ အဖြစ်များတဲ့ ကျန်းမာရေးပြဿနာများ

by | 04 Apr 2022

ယနေ့ခေတ် ဆယ်ကျော်သက်ကလေးတွေဟာ အရင်က ဆယ်ကျော်သက်တွေထက် အခက်အခဲတွေ ပိုများနိုင်ပါတယ်။ ခန္ဓာ၊ စိတ်စတာတွေပြောင်းလဲမှုကို ရင်ဆိုင်နေရတဲ့ ဆယ်ကျော်သက်တွေဟာ လူမှုရေးကစလို့ ကျန်းမာရေးအဆုံး အသစ်အသစ်သော ပြဿနာ အမျိုးမျိုးကို ရင်ဆိုင်ကြရပါတယ်။


အွန်လိုင်းကနေ အနိုင်ကျင့်ဗိုလ်ကျတာ၊ ကျောင်းမှာ အုပ်စုဖွဲ့ ရိုက်နှက်ခံရတာကစလို့ နောက်ဆုံး ကိုယ့်အသက်ကို ကိုယ်တိုင် ရန်ရှာတာမျိုး အထိ အမျိုးမျိုးသော ပြဿနာတွေကို ရင်ဆိုင်ရနိုင်ပါတယ်။


ဒီတော့ ဆယ်ကျော်သက်အရွယ် သားသားမီးမီးတို့ကို အကောင်းဆုံး ပျိုးထောင်ချင်တယ်ဆိုရင် အရင်ခေတ်အခါနဲ့ မတူတော့တဲ့ ဒီဘက်ခေတ်မှာ ဆယ်ကျော်သက်အရွယ်မှာ ဘယ်တွေလိုကြုံရနိုင်လဲဆိုတာကို ဆောင်းပါးလေးထဲမှာ ဖတ်ကြည့်လိုက်နော်။

ဆယ်ကျော်သက်အရွယ် ခံစားရနိုင်တဲ့ ကျန်းမာရေးပြဿနာ


အရာရောပြောင်းလဲနေတဲ့ ဆယ်ကျော်သက်အရွယ်မှာ

အဝလွန်တာ၊ အာဟာရ ချို့တဲ့တာ


ဖွံ့ဖြိုးဆဲနိုင်ငံတွေက ဆယ်ကျော်သက်တွေဟာ အာဟာရ လုံလောက်စွာ မရရှိတာကြောင့် ရောဂါတွေဒဏ်ကို ခံနိုင်ရည် နည်းကြပါတယ်။ အာဟာရ မပြည့်ဝမှုကြောင့် အရွယ်မတိုင်ခင် သေဆုံးတာတွေ ခံစားရနိုင်ပါတယ်။


ဒါတင်လားဆိုတော့ မဟုတ်သေးပါဘူး။ အာဟာရ မပြည့်ဝတာက အဝလွန်တာကိုလည်း ဖြစ်စေနိုင်ပါသေးတယ်။ ယနေ့လက်ရှိ ကမ္ဘာပေါ်မှာ ဆယ်ကျော်သက် ၁၀ ဦးမှာ ၆ ဦးဟာ ရှိသင့်တဲ့ ကိုယ်အလေးချိန်ထက် များနေတာ၊ အဝလွန်တာတွေကို ခံစားနေကြရပါတယ်။

ဆေးလိပ်နဲ့ ဆေးရွက်ကြီး သုံးစွဲတာ


ဆယ်ကျော်သက်အရွယ်မှာ အပေါင်းအသင်းတွေရဲ့ အဆွယ်ကောင်းမှုကြောင့် ဆေးလိပ်တွေ ဆေးရွက်ကြီးနဲ့ ကွမ်းစတာတွေကို အသုံးပြုကြတာမျိုး ရှိပါတယ်။ ဆေးလိပ်နဲ့ ဆေးရွက်ကြီးက လူကို အကျိုးမပြုတဲ့အရာပါ။


ဆေးလိပ်နဲ့ဆေးရွက်ကြီးကို သုံးစွဲမယ်ဆိုရင် အဆုတ်ကင်ဆာ၊ လည်ချောင်းကင်ဆာ၊ ခံတွင်းကင်ဆာ၊ အသက်ရှူလမ်းကြောင်းဆိုင်ရာ ကျန်းမာရေးပြဿနာ၊ နှလုံးရောဂါ၊ ရုတ်တရက် နှလုံး ရပ်တာတွေကို ခံစားရနိုင်ပါတယ်။

အရက်သေစာ သောက်စားတာ


၁၂ နှစ် ၁၃ နှစ်ကျော်လာတဲ့အချိန်မှာ အတုမြင် အတတ်သင်ဆိုတဲ့ သဘောအတိုင်း အယ်လ်ကိုဟောပါတဲ့ အရက်၊ ဘီယာ၊ ဝိုင်စတာတွေကို စမ်းသပ်သောက်သုံးတာမျိုး လုပ်တတ်ကြပါတယ်။ အယ်လ်ကိုဟောက အသည်းအပါအဝင် ခန္ဓာကိုယ် အစိတ်အပိုင်းတွေကို ထိခိုက်စေသလို ဦးနှောက်နဲ့ မှတ်ဉာဏ်ကိုပါ ထိခိုက်စေနိုင်ပါတယ်။

ထိခိုက်ဒဏ်ရာ ရတာ


အရွယ်တိုင်းက ထိခိုက်နိုင်ပါတယ်။ ဒါပေမယ့် သတ်လတ်ပိုင်းတွေထက် ဆယ်ကျော်သက်နဲ့ ကလေးငယ်တွေက ပိုပြီး ထိခိုက်လွယ်ပါတယ်။ ကားမောင်းရင်း မတော်တဆ ယာဉ်တိုက်မှု ဖြစ်တာ၊ လမ်းသွားရင်း မတော်တဆ ကားတိုက်ခံရတာ၊ စက်ဘီး ဆိုက်ကား တိုက်ခံရတာတွေ ဖြစ်နိုင်ပါတယ်။


ဒီလို ထိခိုက်မိနိုင်ခြေက လှုပ်ရှားသွားလာနေတဲ့ ဆယ်ကျော်သက်တွေမှာ ပိုများပါတယ်။

စိတ်ကျန်းမာရေး


ဆယ်ကျော်သက်အရွယ်မျာ သေချာလေး ဂရုစိုက်ပေးဖို့ လိုပါမယ်။ အကြောင်းကတော့ ရုပ်ပိုင်းဆိုင်ရာရော စိတ်ပိုင်းဆိုင်ရာပါ အပြောင်းအလဲဖြစ်ပေါ်နေတဲ့ အရွယ်ဖြစ်နေလို့ပါ။


ဒီကာလမှာ စိတ်ဓာတ်ကျတာ၊ စိတ်ဖိစီးတာ အပါအဝင် အမျိုးမျိုးသော စိတ်ပိုင်းဆိုင်ရာ ပြဿနာတွေကို ခံစားရနိုင်ပါတယ်။ ကျောင်းမှာ အနိုင်ကျင့်ခံရတာ။ ဆိုရှယ်မီဒီယာမှာ အနိုင်ကျင့်ခံရတွေကြောင့်လည်း စိတ်ကျန်းမာရေး ထိခိုက်နိုင်ပါတယ်။ ဒါကြောင့် သေချာလေး ဂရုစိုက်လို့ လိုအပ်တာကို မိဘတွေဘက်က ပံ့ပိုးပေးဖို့ လိုပါမယ်။

ကိုယ့်ကိုယ်ကိုယ် သတ်သေတာ


ကိုယ့်ကိုယ်သတ်သေတဲ့ နှုန်းမှာ စိတ်ဖိစီးမှုကြောင့် သတ်သေတာထက် ဆယ်ကျော်သက်အရွယ် သတ်သေမှုနှုန်းက ပိုများနေပါတယ်။ ဒါကြောင့် အပြောင်းအလဲတွေကို ရင်ဆိုင်နေရတဲ့ ဆယ်ကျော်သက်အရွယ် သားသားမီးမီးတို့ကို သေချာ ဂရုစိုက်ဖို့ လိုပါမယ်။


ဒါတွေအပြင် ဆယ်ကျော်သက်အရွယ်တွေမှာ


အရွယ်မတိုင်ခင် ကိုယ်ဝန်ဆောင်ရတာ
ခုခံအားကျဆင်းမှု ကူးစက်ရောဂါ
လိင်ကတဆင့်ကူးစက်သောရောဂါ
အခြားသော ကူးစက်ရောဂါများ
အကြမ်းဖက်ခံရတာတွေကိုလည်း ခံစားရနိုင်ပါသေးတယ်။