Blog Detail Pic

အရက်နာမကျအောင် သောက်နည်းများ

by | 11 Apr 2022

အရက်နာကျပြီးတိုင်း ငါနောက်ထပ် ဘယ်တော့မှ မသောက်တော့ဘူးပြောတဲ့ လူတွေအတွက်

ဒီဘက်ခေတ်ကြီးထဲမှာ အရက်ကို မသောက်ဖူးတဲ့သူဆိုတာ သိပ်ကိုရှားသွားပါပြီ။အရက်သောက်ပြီးတဲ့အခါ အများစုဖြစ်တတ်တဲ့ ပြဿနာကတော့ အရက်နာကျတာပါပဲ။ အရက်နာကျတယ်ဆိုတာ အလွယ်ပြောရမယ်ဆိုရင် အရက်ထဲမှာ ပါတဲ့ ဓာတုဗေဒပစ္စည်းတွေ၊ အက်ဆစ်ဓာတ်တွေဟာ ကိုယ်ခန္ဓာထဲမှာ အဆိပ်အတောက်အဖြစ် ကပ်ကျန်ခဲ့ပြီး ခန္ဓာကိုယ်က ဒီအဆိပ်အတောက်ကို တုံ့ပြန်မိတဲ့အခါ ဖြစ်ပေါ်လာတဲ့ ပြဿနာတစ်ခုပါ။ ဒါ့ကြောင့်မလို့ ဘော်ဘော်တို့ အရက်သောက်ပြီးလို့ နောက်နေ့မှာ အရက်နာကျတဲ့ လက္ခဏာတွေ ဖြစ်မလာစေအောင်၊ ပေါ်လာခဲ့ရင်လည်း ခံစားရတဲ့ ဝေဒနာကို အမြန်ဆုံး သက်သာစေဖို့ နည်းလမ်းတချို့ကို မျှဝေပေးချင်ပါတယ်။

၁။ ဗိုက်ဟောင်းလောင်းနဲ့ ဘယ်တော့မှ မသောက်ပါနဲ့။
ဘီယာပဲဖြစ်ဖြစ်၊ အရက်ပဲဖြစ်ဖြစ် ကိုယ်က ဒီည သောက်တော့မယ်ဆိုတဲ့ အစီအစဉ်ရှိရင် အနည်းဆုံး ၂နာရီလောက်ကြိုတင်ပြီး ဗိုက်ကိုပြည့်နေအောင် စားထားပါ။ ကစီဓာတ်၊ အသားဓာတ်များတဲ့ အစားအစာတွေ၊ အဆီအစိမ့်တွေကို ကြိုပြီး စားပေးထားနိုင်ရင် ပိုကောင်းပါတယ်။
၂။ အဆီအစိမ့်များများစားပါ။
အဆီများတဲ့ အစားအစာတွေ၊ အကြော်တွေ၊ အကင်တွေဟာ ခန္ဓာကိုယ်က အရက်ကိုစုပ်ယူအား နှေးစေလို့ တော်ရုံနဲ့လည်း မမူးနိုင်တဲ့အပြင် မနက်မှာလည်း အရက်နာကျနိုင်ခြေ လျော့နည်းစေပါတယ်။ ကစီဓာတ်ပါဝင်မှုများတဲ့ အစားအစာတွေကို စားပေးလို့လည်း ဖြစ်ပါတယ်။
၃။ ရေသောက်ပါ။
အရက်ချည်းပဲ ဒိုင်ခံမော့တတ်တဲ့ အကျင့်ဟာ မနက်ခင်းမှာ အရက်နာကျတဲ့ ဝေဒနာကို ကောင်းကောင်းကြီးခံရမှာပါ။ အရက်လေး တစ်ခွက် သောက်လိုက်၊ အမြည်းလေး နည်းနည်းစားလိုက်၊ ရေလေး တစ်ငုံလောက် သောက်လိုက် လုပ်ပေးတာက ပိုကောင်းပါတယ်။ ဒါ့အပြင် အရက်ကြောင့် ဆုံးရှုံးသွားတဲ့ ရေဓာတ်ကိုလည်း ပြန်ဖြည့်ပေးနိုင်လို့ မနက်နိုးတဲ့အခါမှာ ပုံမှန်လောက် အာခေါင်ခြောက်နေတော့မှာ မဟုတ်ပါဘူး။
၄။ ဆေးလိပ်လျှော့သောက်ပါ။
ဆေးလိပ်တွေ အလွန်အကျွံသောက်တဲ့အခါမှာ အရက်နာကျတာ ပိုပြီးဖြစ်နိုင်သလို ခံစားရတဲ့ ဝေဒနာလည်း ပိုပြီးပြင်းထန်တာကို တွေ့ရပါတယ်။ ဒါကြောင့် မဖြစ်မနေသောက်မယ်ဆိုလည်း တစ်လိပ်လောက်ပဲ သောက်ပါ။
၅။ အချဉ်တစ်ခုခု စားပေးပါ။
တတ်နိုင်ရင် အရက်သောက်နေတဲ့အချိန်အတွင်း ချဉ်တဲ့ အသီးအနှံတစ်ခုခု ဒါမှမဟုတ် အချဉ်အရသာရှိတဲ့ အအေးကိုပါ တွဲပြီး သောက်ပေးနိုင်ရင် ပိုကောင်းပါတယ်။ အချဉ်ဓာတ်ဟာ သွေးလည်ပတ်စီးဆင်းနှုန်းကိုလည်း ကောင်းမွန်စေသလို ခန္ဓာကိုယ်ထဲက အဆိပ်အတောက်တွေကိုပါ အပြင်ကို ထွက်လာစေအောင် ကူညီပေးနိုင်ပါတယ်။
၆။ အရက်သောက်ပြီးသွားရင် အိပ်ရေးဝအောင် အိပ်စက်အနားယူပါ။ ပုံမှန်အိပ်နေကျ အိပ်ချိန် ပိုအိပ်ပေးနိုင်ရင်တော့ အကောင်းဆုံးပါပဲ။
၇။ အစာစားချင်စိတ်မရှိရင်၊ အန်ချင်သလို ဖြစ်နေရင်လည်း မနက်စာကို အလွတ်မခံပါနဲ့။
၈။ ရေကို များများသောက်ပြီး ဆီးများများသွားပေးပါ။ ဒါမှ ကိုယ်သောက်ခဲ့တဲ့ အရက်ထဲက အဆိပ်အတောက်တွေကို ဆီးအဖြစ်နဲ့ အပြင်ကို စွန့်ထုတ်ပေးနိုင်မှာပါ။
၇။ လေ့ကျင့်ခန်း အပြင်းအထန်မလုပ်နိုင်ရင်တောင် ပေါ့ပေါ့ပါးပါး ကိုယ်လက်လေ့ကျင့်ခန်းမျိုးတော့ လုပ်ပေးပါ။

လာမယ့်ရုံးပိတ်ရက်တွေမှာ အမုန်းသောက်မယ်လို့ တွေးထားတဲ့သူတွေရှိရင်လည်း ဒီစာလေးကို save ထားလိုက်တော့နော်။ မနက်နိုးမှ ခေါင်းတွေတအားကိုက်နေမှာကို စိုးရိမ်လို့ပါရှင်။