Blog Detail Pic

ရေခဲတွေ သနပ်ခါးတွေ အရမ်းစားချင်နေပြီလား

by | 02 May 2022

ရေခဲတွေ ​သနပ်ခါးတွေ အရမ်းစားချင်နေပြီလား?

ခေါင်းစဥ်လေးကြည့်ပြီးတော့ အစားအသောက်အရမ်းကြိုက်တဲ့လူတွေအကြောင်းရေးမယ်လို့စာဖတ်သူတွေထင်ရင်တော့မှားသွားပါလိမ့်မယ်။

တစ်ခါတစ်ရံပတ်ဝန်းကျင်မှာဖြစ်ဖြစ် ကိုယ်တိုင်မှာဖြစ်ဖြစ် ရေခဲတွေအရမ်းစားချင်တာတို့၊ မြေကြီးတွေကောက်ဝါးချင်တာတို့၊ အိမ်သုတ်ဆေးတွေ မြိုချလိုက်ချင်တာတို့ ကြုံဖူးပါလိမ့်မယ်။ ဒါကလည်း တကယ်တော့ ရောဂါလေးတစ်မျိုးလို့ပြောလို့ရပါတယ်။ PICA syndrome လို့ခေါ်ပါတယ်။ Eating Disorder စိတ်နဲ့ဆိုင်တဲ့ရောဂါ တစ်မျိုးလို့လည်း ပြောလို့ရပါတယ်။
______________________________________
🧊ရေခဲတွေလို အန္တရာယ် မဖြစ်စေတဲ့ပစ္စည်းတွေက စလို့ အန္တရာယ်ဖြစ်စေတဲ့ သုတ်ဆေးတွေ၊သတ္တုတွေ၊ မြေကြီးတွေ၊ဆံပင်တွေ၊ကော်တွေ၊ ဆပ်ပြာတွေ၊ကလေးလေးတွေဆိုရင်အရုပ်တွေစတဲ့အရာတွေကို အရမ်းစားချင်တယ်ဆိုတဲ့ စိတ်တွေဖြစ်တယ်၊ တကယ်လည်း စားလိုက်မှလည်းကျေနပ်ကြပါတယ်။

ဘာကြောင့်ဖြစ်တာလဲဆိုရင် ----
သံဓါတ်တွေ၊သွပ်ဓါတ်တွေချို့တဲ့တာမျိုးတွေမှာ သွေးအားနည်းတဲ့လူတွေမှာဖြစ်တတ်ပါတယ်။ အချို့စိတ်ရောဂါတွေ Schizophrenia လို့ခေါ်တဲ့ စိတ်ကစင့်ကလျားရောဂါတွေ၊ obsessive compulsive disorder လို့ခေါ်တဲ့ စိတ်ရောဂါမျိုးတွေမှာလည်း ဖြစ်တတ်ပါတယ်။ ကလေးတွေနဲ့ ကိုယ်ဝန်ဆောင်မိခင်တွေမှာ အဖြစ်များပါတယ်။

😨နောက်ဆက်တွဲအနေနဲ့
ခဲဆိပ်သင့်တာတွေ၊ ဝမ်းကိုက်ပိုးဝင်တာတွေ၊ အူလမ်းကြောင်းပိတ်တာတွေ အများဆုံးဖြစ်တတ်ပါတယ်။

​ကလေးဆိုရင်လည်း အချို့တွေမှာ ရေခဲတွေ အလွန်အမင်းစားတာမျိုးလည်း တွေ့ရတတ်ပါတယ်။ ပုံမှန်လို့တောင်ထင်ရပေမယ့် အာဟာရဓါတ်ချို့တဲ့တာနဲ့ဆက်စပ်မှုရှိတတ်ပါတယ်။
အာဟာရဓါတ် ချို့တဲ့တာဆိုရင် သက်ဆိုင်ရာ Supplement အားဆေးတွေသောက်ရင်သက်သာပါတယ်။

အခြား စိတ်ရောဂါလိုမျိုးကြောင့်ဖြစ်ရင်တော့ ဆရာဝန်နဲ့တိုင်ပင်ပြီး သေချာကုသမှုလေးခံယူသင့်ပါတယ်။