Blog Detail Pic

ညစာမစားရင် ဘာတွေဖြစ်လာနိုင်လဲ

by | 03 May 2022

" ညစာ မစားရင် ဘာတွေဖြစ်လာနိုင်လဲ "

​ယနေ့ခေတ်မှာ လူတော်တော်များများက ပိန်အောင်၊ဗိုက်ချပ်အောင်စသည်ဖြင့် ညစာတွေဖြတ်ကျတယ်၊ အစားတွေရှောင်ကြတယ်ပေါ့နော်။ ခဏတဖြုတ်လေး ညစာရှောင်တယ်ဆိုရင်တော့ ကိုယ်အလေးချိန်ကျနိုင်ပေမယ့် ရေရှည်ဆိုရင်တော့ကောင်းကျိုးတွေလည်းရှိနိုင်သလိုနောက်ကွယ််မှာ ကျန်းမာရေးအတွက်သင်မသိသေးတဲ့ ဆိုးကျိုးတွေ အများကြီးရှိပါသေးတယ်။

ဒါဆိုညစာဖြတ်ရင် ဘာတွေဖြစ်လာနိုင်လဲ?

🍛သွေးတွင်း သကြားဓါတ်တွေ ကမောက်ကမဖြစ်တာ...
အစားအသောက်ဖြတ်လိုက်တာဖြစ်တဲ့အတွက် သွေးတွင်းသကြားဓါတ်အလွန်အမင်းကျဆင်းပြီး အချို့ဆီးချိုဝေဒနာရှင်တွေမှာ နောက်ဆက်တွဲ ပြဿနာတွေဖြစ်စေတတ်ပါတယ်။

🍛ဇီဝရုပ်ဖြစ်ပျက်ခြင်း Metabolism ကိုနှေးသွားစေတာ..
ညစာဖြတ်တာ အစောပိုင်းမှာ ဝိတ်ကျတယ်ဆိုပေမယ့် ရေရှည်သွားရင်တော့ ဝိတ်ကဆက်မကျတဲ့အပြင်နည်းနည်းလေးစားရုံနဲ့ ဝတယ်ဆိုတာဖြစ်လာပါတယ်။ အစာဖြတ်တာ ကြာရင် ခန္ဓာကိုယ်က ရှိတာလေးနဲ့လောက်အောင်သုံးရမယ်ဆိုတဲ့ အသိဝင်သွားတဲ့အချိန်မှာ ဟော်မုန်းတွေ၊ အင်ဇိုင်းတွေရဲ့ လုပ်ငန်းဆောင်တာတွေကိုပြောင်းလဲလိုက်ပါတယ်။ ဒီတော့ကြာလာတဲ့ အချိန်မှာ လူကနည်းနည်းလေးစားရုံနဲ့ ဝိတ်တွေပြန်တတ်လာတာမျိုးဖြစ်တတ်ပါတယ်။

🍛မူးဝေတာ၊ စိတ်ဆတ်တာ၊ နုံးနေတာ..
ခန္ဓာကိုယ်မှာဦးနှောက်က Glucose ဆိုတဲ့ ကစီဓါတ်ကို အဓိကသုံးစွဲပါတယ်။ အစားမစားလို့ အချိုဓါတ်တွေကျလာတဲ့အချိန်မှာ စိတ်တို၊စိတ်ဆတ်၊ အာရုံစိုက်လို့မရတာတွေဖြစ်တတ်ပါတယ်။

🍛အဆင်သင့်စာတွေ အလွန်အကျွံစားမိတာ
အစားအသောက်ဖြတ်လိုက်တဲ့အတွက် နောက်နေ့မှာအဆင်သင့်စာတွေ၊ အချိုတွေအလွန်အကျွံစားမိတာမျိုးဖြစ်တတ်ပါတယ်။ ဒါဆိုရင်တော့ ဝိတ်မကျတဲ့အပြင်ပိုဝစေတတ်ပါတယ်။

ဒါကြောင့် ဝိတ်ချဖို့အတွက်ရည်ရွယ်ချက်နဲ့ဆိုရင် ညစာဖြတ်မယ့်အစား ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အစားအစာတွေကိုပုံမှန်လေးပဲ စားပြီး အားကစားတွေ ပုံမှန်လေးလုပ်ပေးဖို့အကြံပေးချင်ပါတယ်။