Blog Detail Pic

သွေးအားနည်းလက္ခဏာ (၅) ချက်

by | 05 May 2022

သွေးအားနည်းခြင်း လက္ခဏာ (၅)ချက်

သိထားသင့်တဲ့ သွေးအားနည်းခြင်းကြောင့် ဖြစ်ပေါ်လာတဲ့ လက္ခဏာ (၅)ချက်ကတော့

(1.) အသက်ရှုရခက်ခြင်း၊ တစ်ရိပ်ရိပ်နဲ့ ခေါင်းမူးခြင်း

ကျန်းမာနေတဲ့အခါမှာ Oxygen တွေကို နှလုံး ၊ ကြွက်သားနဲ့ organs တွေဆီကို လုံလောက်အောင်သယ်ယူပို့ဆောင်ပေးပါတယ်။Anemia လိုခေါ်တဲ့သွေးအားနည်းရောဂါခံစားရခဲ့မယ်ဆိုရင် မိမိတိုရဲ့အဆုတ်ဟာ oxygen ကို ရဖို့ ပိုမို အားစိုက်ထုတ်ရတာကြောင့်အသက်ရှုပိုင်းဆိုင်ရာမှာ အခက်အခဲလေးတွေဖြစ်ပေါ်လာတတ်ပါတယ်။သွေးတွင်းအောက်စီဂျင်ကိုသယ်ဆောင်ပေးတဲ့ hemoglobin level ကျလာတဲ့အခါမှာ ဦးနှောက်ထဲကို ကောင်းစွာမရရှိစေဘဲ အဟန့်အတားဖြစ်စေတာကြောင့် blood vessel တွေ ရောင်လာပြီးသွေးပေါင်တွေကျစေပါတယ်။Result အနေနဲ့ ခေါင်းမူး ခေါင်းကိုက်ခြင်း၊ ဦးနှောက်နဲ့ အာရုံကြောပိုင်းဆိုင်ရာမှာပြဿနာများဖြစ်ပေါ်လာ‌စေပါတယ်။


(2.) ရင်ဘတ်အောင့်ခြင်းနဲ့ ရင်တုန်ခြင်း


သွေးတွင်းအောက်စီဂျင်လျော့ကျခြင်းကြောင့် anxiety feelings နဲ့အတူ အချိန်ကြာမြင့်စွာ နှလုံးတုန်ခြင်း နဲ့ နှလုံးခုန်မြန်ခြင်းကို ဖြစ်ပေါ်ခံစားရစေပါတယ်။Anemia ကို မကုသဘဲထားရင် အလွန်အမင်းဖြစ်စဉ်အ‌နေနဲ့ နှလုံးကြီးခြင်း၊Mur Mur သံများကြားရခြင်း အပြင် heart failure ရတဲ့ထိပါ ဖြစ်နိုင်ပါတယ်။

👉(3.‌)ခြေဖျား လက်ဖျား များ အေးစက်ခြင်း

သွေးအားနည်းနေ‌တဲ့အချိန်မှာ ခြေဖျားလက်ဖျားတွေဆီကို သွေးအရောက်နည်းတာကြောင့် warm weather ဖြစ်နေခဲ့ရင်တောင်မှ ခြေဖျား‌လက်ဖျားတွေ အေးစက်နေတာကို ခံစားရမှာပဲဖြစ်ပါတယ်။

👉(4.)မောပန်းလွယ်ခြင်း


ညဘက်မှာ ကောင်းမွန်စွာ အိပ်စက်ခဲ့ရရင်တောင်မှ မနက်အိပ်ယာ နိုးချိန်မှာ အားမရှိသလို နုံးနေသလိုခံစားနေရတတ်ပါတယ်။RBC နည်းခြင်းကြောင့် Function တွေကောင်းစွာမလုပ်နိုင်တော့ဘဲ abnormal exhaustion နဲ့ သောက်ချင်စိတ် လျော့နည်းခြင်းအပြင် အလွယ်တစ်ကူ မောပန်းလာပါတယ်။

(5.) သံဓါတ်ဆုံးရှုံးခြင်းနဲ့ Vitamin B 12 ချို့တဲ့လာခြင်း


သံဓါတ်နဲ့ B 12 ဓါတ်ကို လုံလောက်စွာ စားသုံးနိုင်ခြင်း‌မရှိတာကြောင့် သွေးနီဥထုတ်လုပ်ရာမှာ အဓိကကျတဲ့ hemoglobin ကို မထုတ်လုပ်ပေးနိုင်တော့ပါ။ Hemoglobin ဟာ iron ဓါတ်ကြွယ်ဝစွာပါဝင်ပါတယ်။ခန္ဓာကိုယ်အနှံ့ သွေးလည်ပတ်စေပြီး Oxygen နဲ့ပေါင်းစည်းပေးပါတယ်။Iron or Vitamin B12 လုံလောက်စွာမရရှိတော့တဲ့အခါမှာ ခန္ဓာကိုယ်ရဲ့ တစ်ချို့အစိတ်အပိုင်းတွေမှာ လိုအပ်တဲ့ Oxygen ကို လက်ခံမရရှိနိုင်တော့တာပဲ ဖြစ်ပါတယ်။