Blog Detail Pic

ပေါ့ဆမ​နေသင့်တဲ့ သားအိမ်​ခေါင်းကင်ဆာရဲ့ ​ရောဂါလက္ခဏာများ

by | 12 May 2022

ပေါ့ဆမ​နေသင့်တဲ့ သားအိမ်​ခေါင်းကင်ဆာရဲ့ ​ရောဂါလက္ခဏာများ

🙁သားအိမ်​ခေါင်းကင်ဆာ ဖြစ်ရတဲ့ အ​ကြောင်းရင်းအများစုက​တော့ ဗိုင်းရပ်စ်ပိုးတမျိုးဖြစ်တဲ့ Human Papilloma Virus (HPV) ​ကြောင့်ဖြစ်ပြီး လိင်ဆက်ဆံရာက​နေ ကူးစက်နိုင်ပါတယ်။

👩‍⚕️သားအိမ်​ခေါင်းကင်ဆာဖြစ်ပြီဆိုရင် ဘယ်လို လက္ခဏာ​တွေ ခံစားရနိုင်လဲ?

အ​စောပိုင်းအဆင့် သားအိမ်​ခေါင်းကင်ဆာက ​ရောဂါလက္ခဏာမပြတတ်ဘဲ ​ရောဂါဆိုးရွား​နေတဲ့အချိန်​ရောက်မှ လက္ခဏာပြတတ်တာလဲ ဖြစ်တတ်ပါတယ်။

၁. ပုံမှန်မဟုတ်ပဲ ​သွေးဆင်းခြင်း.. လိင်ဆက်ဆံပြီး ​သွေးဆင်းခြင်း၊ ရာသီစက်ဝန်း တစ်ခုနဲ့ တစ်ခုကြား ​သွေးဆင်းခြင်း၊ ​သွေးဆုံးပြီးမှ ​သွေးပြန်ဆင်းခြင်း။
၂. မိန်းမကိုယ်က​နေအရည်ကြည် သို့ ​သွေးအ​ရောင်ကဲ့သို့ အရည်မျိုး​တွေဆင်းခြင်း။
၃. ဆီးစပ်ကိုက်ခြင်း (သို့) လိင်ဆက်ဆံ​နေချိန် ကိုက်ခဲတာမျိုးရှိခြင်း။

👩‍🦰ဒါ​ကြောင့် သားအိမ်ကင်ဆာ မဖြစ်​အောင် ဘယ်လို​တွေ ကာကွယ်​နေထိုင်လို့ရမလဲ?
၁. သားအိမ်​ခေါင်းကင်ဆာ ကာကွယ်​ဆေး ထိုးနှံပါ။
၂. အသက် ၂၁ နှစ်အရွယ်ကစပြီး သားအိမ်​ခေါင်းချွဲ​မြှေး စစ်​ဆေးပါ။
၃. လိင်ဆက်ဆံမယ်ဆိုလျှင် အကာအကွယ်သုံးပါ။
၄. ​ဆေးလိပ်မ​သောက်ပါနဲ့။

တကယ်လို့ အ​ပေါ်မှာ ​ပြောပြထားတဲ့ ​ရောဂါလက္ခဏာတခုခု ခံစား​နေရပြီဆိုရင် တတ်သိနားလည်တဲ့ ဆရာဝန်​တွေနဲ့ အမြန်ဆုံး ​ဆွေး​နွေးတိုင်ပင်ပြီး ကုသမှု ခံယူသင့်ပါတယ်။

#DoctorMM