Blog Detail Pic

သွားတိုက်တံ တစ်ချောင်းရဲ့ သက်တမ်း

by | 13 May 2022

သွားတိုက်တံ တစ်ချောင်းရဲ့ သက်တမ်း
~~~~~~~~~~~~~~~~~~~~~~~~~~~~~~

မြန်မာနိုင်ငံမှာ သွားတိုက်တံတစ်ချောင်းကို ဘယ်လောက်ကြာကြာသုံးရမလဲ မေးကြည့်ရင်.. ပရိသတ်ကြီး အယောက်တစ်ရာရဲ့ အဖြေ…က မဖွာမချင်း ဖြစ်ကြပါလိမ့်မယ်..

တကယ်ပဲ အများစုက သွားတိုက်တံတစ်ချောင်းဆို မဖွာမချင်းသုံးနေကြတာပါ.. ဒါဟာ မှားပါတယ်
သွားတိုက်တံတစ်ချောင်းကို သုံးလထက် ပိုမသုံးသင့်ပါဘူး ဘာကြောင့်ပါလဲ.. သွားတိုက်တံတစ်ချောင်းဟာ သုံးလထက်ပိုရင် သွားတိုက်တံထဲမှာ ဘက်တီးရီးယားပိုးတွေအများအပြား ပေါက်ဖွားနေလေ့ရှိကြပြီး သူတိုဟာ ခံတွင်းကို ဒုက္ခပေးတတ်ကြပါတယ်..သွားဖုံးရောင်တာတွေဟာလဲ သူတိုလက်ချက်နဲ့မကင်းပါဘူး…

သွားပွတ်တံတွေကို ၃ လထက်ကျော်သုံးရင် ဒီလိုပြဿနာတွေလည်း ရင်ဆိုင်ရနိုင်ပါတယ်နော်။

• သွားချေးတွေကြောင့် သွားဖုံးကျန်းမာရေးထိခိုက်ပြီး သွားဖုံးတွေရောင်ရမ်းနိုင်ပါတယ်။

• သွားတွေကြားထဲမှာ စားကြွင်းစာကျန်တွေကပ်ငြိကျန်နေပြီး သွားပိုးစားနိုင်တယ်။

• သွားဖုံးမှာပြည်တည်ပြီး သွားအကြောတွေထိခိုက်တာမျိုးဖြစ်နိုင်တယ်။

• အက်ဆစ်တွေဖြစ်ပေါ်ပြီး သွားကြွေလွှာတွေပျက်စီးတာကြောင့် သွားကျဉ်တာမျိုးဖြစ်နိုင်တယ်။

• လျှာမှာ အနာတွေဖြစ်နိုင်တယ်။

• ခံတွင်းအနံ့ဆိုးဖြစ်စေနိုင်တယ်။

• ခံတွင်းသန့်ရှင်းမှုအားနည်းတာကြောင့် နှလုံးရောဂါ နဲ့လေဖြတ်တာလိုမျိုး နာတာရှည်ရောဂါတွေဖြစ်နိုင်တယ်။

• အရွယ်မတိုင်ခင် သွားဆုံးရှုံးမှုတွေဖြစ်စေနိုင်တယ်။

ဆိုတော့ လူတိုင်း လူတိုင်းဟာ သွားနှင့်ခံတွင်းကျန်းမာရေးကို အမှန်တကယ် ဂရုစိုက်စောင့်ရှောက်မယ်ဆိုရင် နေ့စဉ်အသုံးပြုနေကျ သွားတိုက်တံကို သုံးလတစ်ကြိမ် လဲလှယ် အသုံးပြုသင့်ကြောင်းပါရှင်။

#DoctorMM