Blog Detail Pic

ကြည့်တာလဲ ကြည့်ပေါ့နော်..အကြာကြီးကြည့်ရင်တော့ မကောင်းဘူးသိလား? အဲ့လို မကောင်းတဲ့ အထဲမှာ အခု လက်ထဲက ဖုန်းလည်း ပါနေပြီနော်🙅‍♀️

by | 15 May 2022

ကြည့်တာလဲ ကြည့်ပေါ့နော်..အကြာကြီးကြည့်ရင်တော့ မကောင်းဘူးသိလား?
အဲ့လို မကောင်းတဲ့ အထဲမှာ အခု လက်ထဲက ဖုန်းလည်း ပါနေပြီနော်🙅‍♀️

ဒါနဲ့ ..သင်ရော စမတ်ဖုန်း စွဲနေပြီလား? ယနေ့ခေတ်ဟာ စမတ်ဖုန်းတစ်လုံးရှိထားရုံနဲ့ ကိစ္စတော်တော်များများ လုပ်လို့ရတဲ့ခေတ်၊ အလုပ်တော်တော်များများ ပြီးမြောက်လာတဲ့ခေတ် ဖြစ်နေတာမို့ လူတိုင်းနီးပါး စမတ်ဖုန်းတွေကို လက်ကမချတမ်း သုံးလာကြတာကို တွေ့ရပါတယ်။ ဖုန်းနဲ့ ဖေ့စ်ဘွတ်သုံးတယ်၊ ဂိမ်းဆော့တယ်၊ စာဖတ်တယ်၊ အချင်းချင်း ဆက်သွယ်ပြောဆိုကြတယ် အစရှိသဖြင့်ပေါ့။ စမတ်ဖုန်းတွေကြောင့် စိတ်အပန်းပြေစေတယ်ဆိုပေမယ့် တစ်ဖက်ကကြည့်ရင်လည်း ကျန်းမာရေးကို ထိခိုက်စေနိုင်ပါတယ်။ စမတ်ဖုန်းတွေသာမက TV၊ ကွန်ပျူတာ၊ laptop စတဲ့ ပစ္စည်း​တွေကို လိုအပ်တာထက်ပိုပြီး သုံးစွဲ(ကြည့်)မယ် ဆိုရင် သင့်ရဲ့ကျန်းမာ​ရေးကို အန္တရာယ်ဖြစ်စေပါတယ်။ ဘယ်လိုအကျိုးသက်​ရောက်မှု​တွေ ရှိနိုင်မလဲဆို​တော့..

၁. အဝလွန်​ခြင်း..🐽
လှုပ်ရှားတဲ့ ဘဝ​နေထိုင်မှုပုံစံမဟုတ်ပဲ TV ကြည့်တာ၊ video game ​ဆော့တာ ​တို့နဲ့ပဲ အချိန်​တော်​တော်များများကို ကုန်လွန်​စေမယ်ဆို​ရင်​တော့ အဝလွန်တာမျိုး ကြုံ​တွေ့ရနိုင်ပါတယ်။ ​သွေးတွင်းအဆီဓါတ်များလာ​စေပြီး နှလုံးကျန်းမာ​ရေးကို ထိခိုက်​စေတဲ့အပြင် ဆီးချို​ရောဂါ၊ ​သွေးတိုး​ရောဂါတို့ ဖြစ်ပွားဖို့ ရာခိုင်နှုန်းလဲ ပိုများလာ​စေနိုင်ပါတယ်။

၂. အိပ်​ရေးပျက်ခြင်း..🐼
လျှပ်စစ်ပစ္စည်း​တွေက ထွက်လာတဲ့ အလင်းတန်းက နှစ်နှစ်ခြိုက်ခြိုက်အိပ်စက်ဖို့ကို အ​နှောင့်အယှက်​ပေးနိုင်ပါတယ်။ ဒါ​ကြောင့် အိပ်ယာမဝင်ခင် အနည်းဆုံး ၁နာရီ​လောက်အလိုတည်းက အဲ့လိုပစ္စည်း​​တွေအသုံးပြုတာကို ​ရှောင်သင့်ပါတယ်။

၃. နာတာရှည် လည်ပင်းနဲ့ ​ကျောရိုး ကိုက်ခဲခြင်း..🐫
အီလက်ထ​ရောနစ် ဖန်သားပြင်ကို အချိန်ကြာကြာကြည့်မိမယ်ဆိုရင် ကိုယ်အ​နေအထားမမှန်​တော့ပဲ လည်ပင်း၊ ​ကျေားရိုး နဲ့ ပခုံးတို့ နာတာရှည် ကိုက်ခဲတာ​တွေ ဖြစ်​စေနိုင်ပါတယ်။

၄. စိတ်အတက်အကျဖြစ်ခြင်း..🐵
တချိန်လုံး အီလက်ထ​ရောနစ်ဖန်သားပြင်ကို ကြည့်ပြီး အချိန်ကုန်​နေမယ်ဆိုရင်​တော့ စိတ်ကျန်းမာ​ရေးကိုပါ ထိခိုက်​စေနိုင်ပါတယ်။ သု​တေသနပညာရှင်​တွေက​တော့ ​ဖန်သားပြင် ကြည့်တဲ့အချိန်များလာတာနှင့်အမျှ စိတ်ကျ​ရောဂါ ဖြစ်​စေနိုင်ပြီး သတ်​သေ​စေတဲ့အပြုအမူ​တွေကိုပါ လူ​တွေက စဥ်းစားလာတတ်ကြတယ်ဆိုပြီး ​သတိ​ပေး​ပြောကြားထားပါတယ်။

ဒါ့ကြောင့်မလို့ တစ်နေ့ကို Screen time ၃ နာရီ ၄ နာရီစသဖြင့် သတ်မှတ်ထားပြီး ဖုန်းအရမ်းမသုံးမိအောင် ကိုယ့်ကိုယ်ကို သတိထားသင့်ပါတယ်။

#DoctorMM