Blog Detail Pic

ရာသီဉတုကပူ မီးကပျက်နဲ့ အိပ်ရာထဲမှာ တလူးလူးတလွန့်လွန့်နဲ့ ညဖက် အိပ်မပျော်နိုင်တဲ့သူတွေထဲမှာ သင် အပါအဝင်ဖြစ်နေပြီလား။ ဒါဆိုရင်တော့ ဘယ်လိုနည်းလမ်းတွေသုံးပြီးကျော်လွှားမလဲ ဆိုတာ ဒီစာလေးကိုဖတ်ကြည့်လိုက်ပါနော်

by | 15 May 2022

ရာသီဉတုကပူ မီးကပျက်နဲ့ အိပ်ရာထဲမှာ တလူးလူးတလွန့်လွန့်နဲ့ ညဖက် အိပ်မပျော်နိုင်တဲ့သူတွေထဲမှာ သင် အပါအဝင်ဖြစ်နေပြီလား။ ဒါဆိုရင်တော့ ဘယ်လိုနည်းလမ်းတွေသုံးပြီးကျော်လွှားမလဲ ဆိုတာ ဒီစာလေးကိုဖတ်ကြည့်လိုက်ပါနော်

✅ စိတ်ကိုရှင်းရှင်းထားလိုက်ပါ
ခန္ဓာကိုယ် အနားယူမယ့်အချိန်မှာ စိတ်လည်း ကြည်လင်နေဖိုလိုအပ်ပါတယ်။ ‘ဒီအချိန်မှ အိပ်ရင် ကောင်းကောင်းအိပ်ပျော်မှာမဟုတ်ဘူး ‘ ‘ မနက်ဖြန်ကျရင် အလုပ်တွေ အများကြီးလုပ်ရဦးမှာပဲ စိတ်ရှုပ်လိုက်တာ ‘ စသဖြင့် အတွေးတွေနဲ့ ရှုပ်ထွေးပြီး ကိုယ့်စိတ်ကို အနားမပေးသရွေ့ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နိုင်မှာ မဟုတ်ပါဘူး ။

✅ အာရုံစိုက်နိုင်မယ့် အရာ၁ခုကို ရွေးချယ်ပါ ☝️
တစ်နှစ်သုံးလေးပဲ ရေမလား။ ဘုရားစာပဲ ရွတ်နေမလား။ သီချင်းအေးအေးလေးပဲ ညည်းနေမလား......အဓိက စိတ်ကိုတည်ငြိမ်စေမယ့် တခုတည်းကိုပဲ အာရုံစိုက်နိုင်ရင် ရပါပြီ ။ အသက်ရှုတဲ့ ပုံစံကိုပဲ တရားမှတ်သလို လိုက်မှတ်ကြည့်ရင်လည်းရပါတယ် ။ စိတ်တွေပါပြီး နောက်ထပ်သီချင်းတွေပါ ထပ်ဆိုနေတာမျိုးတော့ မဖြစ်ဖိုတော့ လိုပါတယ်နော် ။

✅ အသက်ရှုလေ့ကျင့်ခန်းလုပ်ကြည့်ပါ
~ 4-7-8 နည်းလမ်း လိုခေါ်ပါတယ် ~

• ၄ စက္ကန့်စာ အသက်ရှုသွင်းပါ
• ၇ စက္ကန့်စာ အသက်အောင့်ပါ
• ၈ စက္ကန့်စာ အသက်ပြန်ရှုထုတ်ပါ
၄ကြိမ် ကနေ ၈ ကြိမ်ထိလုပ်ပေးလိုရပါတယ်
ဒီနည်းလမ်းလေးက အိပ်ပျော်ဖိုအတွက်ကို အထောက်အကူပြုပါလိမ့်မယ် ။

✅ အကြောတဆင့်ချင်းဖြေလျော့ပါ
• မျက်လုံးမှိတ်ပြီး ဖြည်းဖြည်းချင်း အသက်ကို
ရှုသွင်းရှုထုတ်လုပ်ပါ ။
• အရင်ဆုံး မျက်နှာက ကြွက်သားတွေကို ၁၀ စက္ကန့်လောက် တင်းပါမယ် ပြီးမှ ဖြည်းဖြည်းချင်း ပြန်လျော့ပြီး အသက်ရှုသွင်းရှုထုတ်ကို စက္ကန့်ပိုင်းလောက် ပြင်းပြင်းလုပ်ပါမယ် ။
• ပခုံး ၊ လက်မောင်း ၊ လက်ဖျံ စသဖြင့် ခြေချောင်းတွေအထိ တစ်ကိုယ်လုံးကကြွက်သားတွေကို မျက်နှာကြွက်သားကိုပြုလုပ်သလို တဆင့်ချင်းဖြေလျော့သွားနိုင်ပါတယ်
• နာတဲ့နေရာတွေကို မလုပ်မိဖို သတိထားပါ
• နှလုံးအားနည်းသူများအဖို မလုပ်သင့်ပါဘူး

✅ လမ်းထလျှောက်ပါ
အပေါ်က နည်းလမ်းတွေနဲ့ လုပ်ကြည့်လို အဆင်မပြေဘူးဆိုရင်တော့ အိပ်ရာထဲမှာ ကျိတ်မှိတ်မနေပါနဲ့
ခဏထပြီး နာရီဝက်စာ လမ်းလျှောက်ကြည့်ပါ ။ တဖြည်းဖြည်း ခန္ဓာကိုယ်က ပင်ပန်းလာတယ်လို ခံစားရတာနဲ့ အမျှ အိပ်ချင်စိတ်ဖက်ကို တွန်းပိုပေးပါလိမ့်မယ် ။

❎ အိပ်မပျော်လိုဆိုပြီး မလုပ်သင့်တဲ့ အရာ❌
• အလင်းရောင်တောက်တဲ့ screen မျက်နှာ
ပြင် ရှိတဲ့ ဖုန်း ၊ တီဗီ ကြည့်တာ

• ဂိမ်းဆော့တာ
အလင်းရောင်တောက်တောက်တွေက
ဦးနှောက်ကို အိပ်ရာကထဖိုအချိန်ဆိုပြီး လှည့်စားသလို ဖြစ်သွားတတ်ပါတယ် ။ ဒီကမှတဆင့် ခန္ဓာကိုယ်ပါ နိုးကြားတဲ့အဆင့် ဖြစ်သွားစေပါတယ် ။ ဒါဆိုရင်တော့ အိပ်ပျော်ဖိုဆိုတာ ခဲယဉ်းသွားပါမယ်။

✨ ညဖက် နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်နိုင်ဖိုဆိုတာ

ကြိုပြင်ဆင်ထားလိုရပါတယ်
အိပ်ချိန်ထချိန်လေးကို သတ်သတ်မှတ်မှတ်လုပ်ပေးပါ
အိပ်မယ့်နေရာ ပတ်ဝန်းကျင်က ကိုယ့်အတွက် သက်တောင့်သက်သာရှိဆုံး ဖြစ်ပါစေ
နေ့လည်ဖက် တရေးတမောအိပ်ခြင်း၊ ညဉ့်နက်ချိန်ထိ နေခြင်းတိုကို ရှောင်ကြဉ်ပါ
အိပ်ခါနီးမှာ အရက်၊ကော်ဖီသောက်တာ အပူအစပ်တွေ စားတာမလုပ်ပါနဲ့

အိပ်မရတဲ့ ရက်တွေ အရမ်းများလာခဲ့ပြီဆိုရင်တော့
ဆေးအကူအညီ ယူပြီး ဆရာဝန်နဲ့ ပြသဖို လိုအပ်နိုင်ပါတယ် အားလုံးလည်း ညဖက်မှာ ပြည့်ပြည့်ဝဝ အိပ်ပျော်နိုင်ကြပါစေ