Blog Detail Pic

သင်ဟာ အကိုက်အခဲပျောက်ဆေး သုံးစွဲသူတစ်ဦးလား❓

by | 19 May 2022

သင်ဟာ အကိုက်အခဲပျောက်ဆေး သုံးစွဲသူတစ်ဦးလား❓

💊အကိုက်အခဲပျောက်ဆေးနှင့်ကျောက်ကပ်ထိခိုက်ခြင်း
အကိုက်အခဲပျောက်ဆေးဆိုတာမှာ paracetamol ,aspirin, ibuprofen, dolphinal စတာတွေ ပါဝင်ပါတယ်

🧪အကိုက်အခဲပျောက်ဆေးရဲ့ဆိုးကျိုးလို့ ပြောလိုက်ရင် လူအများစုသိပြီးသားက အစာအိမ် ထိခိုက်တယ်ဆိုတာပါ
နောက်ထပ် ဂရုပြုရမယ့်ဘေးထွက်ဆိုးကျိုးကတော့ ကျောက်ကပ်ထိခိုက်ခြင်းပါပဲ

လေ့လာချက်တခုအရ နဂိုကျောက်ကပ်ရောဂါမရှိတဲ့ အကိုက်အခဲပျောက်ဆေးသုံးစွဲသူနှင့် မသုံးစွဲသူအုပ်စု နှစ်ခု ယှဉ်ကြည့်တဲ့အခါ သုံးစွဲသူတွေမှာ ကျောက်ကပ်ထိခိုက်နိုင်ခြေဟာ သုံးဆမြင့်တက်လာတာကို တွေ့ရပါတယ်

ဘယ်သူတွေမှာ ဖြစ်တတ်လဲ 🔍
-အကိုက်အခဲပျောက်ဆေးတွေကို ကာလရှည်ကြာစွာ သုံးစွဲသူတွေမှာ ဖြစ်တတ်ပါတယ်

အခြားဖြစ်နိုင်ခြေရှိသူများ

-အသက်အရွယ်ကြီးသူ
-သွေးတိုးရောဂါရှိသူ
-ဆီးချိုရောဂါရှိသူ
-နှလုံးသွေးကြောကျဉ်းရောဂါရှိသူ
-နဂိုကျောက်ကပ်အားနည်းသူ
-ဆေးလိပ် ၊အရက်မှီဝဲသူ

ရောဂါ လက္ခဏာများ

စဦးပိုင်းမှာ လက္ခဏာ မပေါ်တာမျိုးရှိတတ်ပါတယ်
အချိန်ကြာလာတာနဲ့အမျှ –
မောပန်းနွမ်းနယ်ခြင်း
ဆီးခဏခဏသွားခြင်း
ဆီးမထိန်းနိုင်ခြင်း
ဆီးတွင် သွေးပါခြင်း
ခါးနာခြင်း
ဆီးပမာဏနည်းလာခြင်း
ပျို့အန်ခြင်း
ကယောင်ကတမ်းဖြစ်ခြင်း
သွေးထွက်လွယ်ခြင်း ၊ အညိုအမည်းစွဲခြင်း စတဲ့ ကျောက်ကပ်ပျက်စီးခြင်း လက္ခဏာတွေ ခံစားရနိုင်ပါတယ်

ဘယ်လို စစ်ဆေးကြည့်မလဲ

ပထမဆုံး ဆီးစစ်ကြည့်ရပါမယ်
ဆီးထဲမှာ ရှိတဲ့ အသားဓာတ်နဲ့ ကျောက်ကပ်ဆိပ်ဓာတ် အချိုးကို စစ်ကြည့်ရပါမယ်
သွေးစစ်ခြင်း၊ ဝမ်းဗိုက်ကို USG ,CT ရိုက်ခြင်း စတဲ့ တခြားစစ်ဆေးမှုတွေလည်း လိုအပ်နိုင်ပါတယ်

ဖြစ်လာခဲ့တယ်ဆိုရင် နောက်ဆက်တွဲတွေက -

ကျောက်ကပ် လုံးဝပျက်စီးသွားခြင်း
ဆီးအိမ်ကင်ဆာ ဖြစ်ခြင်း
အမျိုးသမီးတွေမှာ ဆီးလမ်းကြောင်းပိုးဝင်ခြင်း ပိုဖြစ်တတ်ပါတယ်

⏱ဒါတွေ ရှောင်ရှားနိုင်ဖို့အတွက် အကိုက်အခဲပျောက်ဆေးတွေ အလွယ်တကူမသောက်ဖို့
အလွန်အကြွံ မသောက်မိဖို့ ၊ သောက်ဖို့ လိုအပ်ခဲ့ရင် သက်ဆိုင်ရာ ဆရာဝန်နဲ့ တိုင်ပင်ပြီးမှ သောက်ဖို့ကို တိုက်တွန်းလိုက်ရပါတယ်
#DoctorMM