Blog Detail Pic

🤒နွေရာသီမှာ ခံစားရတဲ့ အရေပြားပြဿနာတခုကတော့ မိတ်ပေါက်တာပါပဲ

by | 23 May 2022

🤒နွေရာသီမှာ ခံစားရတဲ့ အရေပြားပြဿနာတခုကတော့ မိတ်ပေါက်တာပါပဲ

🔰ချွေးထွက်များတာကနေ ချွေးဂလင်းလေးတွေ ပိတ်သွားရင်း ရက်အနည်းငယ်ကြာတဲ့ အခါ မိတ်ဆိုတာ ဖြစ်လာရပါတယ်

👶မိတ်ပေါက်တာဟာ မွေးကင်းစကလေးက အစ လူကြီးအထိ အသက်အရွယ်မရွေး ဖြစ်ပွါးနိုင်ပါတယ်
အများစုပေါက်တဲ့နေရာတွေကတော့ ရင်ဘတ် ၊ ကျော ၊ မျက်နှာ နဲ့ လည်ပင်းတို့ပဲဖြစ်ပါတယ်

အရိုးရှင်းဆုံးလက္ခဏာအနေနဲ့ အနီဖုအသေးလေးတွေ ပေါက်တာ ၊ ယားယံတာ စသဖြင့် ခံစားရနိုင်ပါတယ်

မိတ်ပေါက်တယ်ဆိုရင် ✍

✅အေးမြပြီးခြောက်သွေ့တဲ့နေရာမှာနေပါ

✅ ချည်သားကဲ့သို့ ပေါ့ပါးချောင်ချည်တဲ့ အဝတ်အစားတွေကို ဝတ်ဆင်ပါ

✅ခန္ဓာကိုယ်ချွေးစိုလျှင် ချက်ချင်းချွေးတိတ်အောင်သုတ်ပြီး အဝတ်အစားလဲဝတ်ပါ

✅ ပြင်းထန်သော လေ့ကျင့်ခန်းများ လုပ်ခြင်း
ရှောင်ကြဉ်ပါ

✅ရေအေးနဲ့ ပုံမှန်ရေချိုးပါ

✅ရေများများသောက်ပါ

✅မိတ်ထွက်တဲ့နေရာကို ခြောက်သွေ့အောင် ထားပါ

✅မိတ်ထွက်တဲ့ ယားတဲ့နေရာတွေ သက်သာဖို့ ရေစိုဝတ် သို့ ရေခဲထုပ်နဲ့ မိနစ် ၂၀ ထိ ကပ်ထားပေးလို့ ရပါတယ်

✅ယားတဲ့နေရာကို calamine အရည် လိမ်းပေးလို့ရပါတယ်

✅ မိတ်ပေါက်တဲ့နေရာကို ကုတ်ခြစ်ခြင်း ကို ရှောင်ကြဉ်ပါ ပိုးဝင်တတ်ပါတယ်

✅ စိုထိုင်းမှုဖြစ်စေတဲ့ အဆီပါဝင်တဲ့ အလှပြင်ပစ္စည်းတွေ ၊ အမွှေးနံ့ ပါတဲ့ ဆပ်ပြာ စတာတွေ မသုံးသင့်ပါဘူး

👩‍⚕️ဘယ်အချိန် ဆရာဝန်နဲ့ ပြရမလဲ❓❓

မိတ်ထွက်တာ ရက်ကြာလာခဲ့ရင်
ပိုးဝင်တဲ့ လက္ခဏာရှိလာခဲ့ရင် ဆရာဝန်ကို ပြသဖို့လိုအပ်ပါတယ်