Blog Detail Pic

သင့် အသိသူငယ်ချင်းတွေထဲမှာ နှာခေါင်းသွေးအမြဲလျှံနေသူတွေရှိလား?

by | 24 May 2022

👃သင့် အသိသူငယ်ချင်းတွေထဲမှာ နှာခေါင်းသွေးအမြဲလျှံနေသူတွေရှိလား?

နှာခေါင်းသွေးလျှံတယ်ဆိုတာ လူတိုင်းနီးပါးဖြစ်ဖူးကြပါလိမ့်မယ်။ လူတွေက နှာခေါင်းသွေးလျှံပြီဆိုတာနဲ့ အလွန်ကြောက်ကြပါတယ်။

ကိုရီးယားကားတွေမှာ ပြသလို ကင်ဆာဖြစ်နေသလိုလို ရောဂါအကြီးကြီးဖြစ်နေပြီဆိုပြီး စိုးရိမ်တတ်ကြတယ်။ ရောဂါကြောင့် နှာခေါင်းသွေးလျှံတာရှိသလို အများစုက နှာခေါင်းသွေးလျှံတယ်ဆိုတိုင်း ရောဂါတစ်ခုခုဖြစ်ပြီလို့ဆိုလိုတာမဟုတ်ပါဘူး။ နှာခေါင်းသွေးလျှံတာက လူကြီးရော ကလေးမှာပါဖြစ်တတ်ပြီး အသက် ၃နှစ်မှ ၁၀နှစ်အတွင်းအဖြစ်များကြတယ်။

ဘာကြောင့် နှာခေါင်းသွေးလျှံရတာလဲ ?

👉နှာခေါင်းသွေးလျှံရတဲ့ထဲမှာ အဖြစ်များဆုံးကတော့ နှာခေါင်းအတွင်းသားမှာ ခြောက်သွေ့နေတာက စတာပါပဲ။ ခြောက်တဲ့အတွက် နှာခေါင်းအတွင်းသားဟာ ယားလာတယ်... ကုတ်မိ ဖဲ့မိရာကနေ သွေးထွက်တယ်။

🧑‍⚕️တခြားဖြစ်စေတာတွေကတော့
၁)ပြင်ပမှ ပစ္စည်း‌တခုခုဝင်တာ
၂)ဓာတုပစ္စည်းတွေနဲ့ ထိတွေ့မိတာ
၃)ဓာတ်မတည့်ပဲ ယားယံတာ
၄)နှာခေါင်းထဲရောဂါပိုးဝင်တာ၊ ထိပ်ကပ်နာရောဂါဖြစ်တာ
၅)နှာခေါင်းကို ထိခိုက်မိတာ
၆)အကြာကြီး နှာချေတာ
၇)နှာခေါင်းကို မကြာခဏနှိုက်ပြီး ထိုးဆွတာ
၈)လေထုက အရမ်းအေးနေတာ
၉)သွေးကျဲဆေး သောက်နေတာ
၁၀)အဆုတ်အပေါ်ဖက်မှာ ပိုးဝင်တာ
၁၁)သွေးပေါင်ချိန်တက်တာ
၁၂)လေဖိအားပြောင်းလဲတာ
၁၃)သွေးရောဂါရှိတာ၊ သွေးမတိတ်ရောဂါရှိတာ
၁၄)ကင်ဆာရောဂါ

အများအားဖြင့် ခဏတာပဲနှာခေါင်းသွေးလျှံတာက ကိုယ်ဘာသာ ကုသလို့ရသလို ဆရာဝန်နဲ့ပြစရာလဲ မလိုပါဘူး။ ဒါပေမဲ့ မိနစ် 20 ကျော်လောက်လျှံနေပြီဆိုရင်တော့ နှာ‌‌ေခါင်းအ‌ေနာက်ဖက်ကလျှံတာဖြစ်နိုင်ပြီး သတိထားသင့်ပါပြီ။နှာခေါင်းရိုးကျိုးတာ၊ accident တစ်ခုခုဖြစ်ထားတာဖြစ်နိုင်ပါတယ်။

👉ကိုယ့်ဘာသာ ဘယ်လိုသွေးတိတ်အောင်လုပ်မလဲ?

☑️အရင်ဆုံး စိတ်ကို တည်ငြိမ်အောင်ထားပါ။
တချို့က သွေးမြင်ရင်လန့်တတ်ပါတယ်။ အဲ့လိုဆို ခြေမကိုငိမိ လက်မကိုင်မိဖြစ်တတ်ပါတယ်။

☑️နောက်ကို လှန်မချပါနဲ့။
အများစုက နှာခေါင်းသွေးလျှံရင် နောက်ကိုလှန်လိုက်တာ အမှားတစ်ခုပါ။
နောက်ကိုလှန်တော့ သွေးက လည်ပင်းကတဆင့် အသက်ရူလမ်းကြောင်းထဲရောက်တာက အန္တာရယ်ရှိနိုင်ပါတယ်။
-တည်တည့်ထိုင်ရပါမယ်
-နှာခေါင်းပေါက်ရဲ့ အပေါ်နားကို 5-10 မိနစ်လောက် လက်မ၊လက်ညှိုးနဲ့ညှပ်ပြီးဖိထားပေးပါ။
-ခေါင်းကိုရှေ့‌နည်းနည်းထုတ်ထားပြီး နှာခေါင်း
-ပေါက်တွေကိုပါပိတ်ထားပေးပါ။
-ပါးစပ်မှအသက်ရူပေးပါ။

👉နှာခေါင်းသွေးမလျှံအောင် ဘယ်လိုကာကွယ်ကြမလဲ ?

✨လေထုက အရမ်းခြောက်သွေ့နေရင် အိမ်မှာ
✨ရေငွေ့ပေးစက် အသုံးပြုပေးလို့ရပါတယ်။
✨နှာခေါင်းနှိုက်တာကို ပြင်းပြင်းထန်ထန် မပြုလုပ်ပါနဲ့။
✨သွေးကျဲဆေးသောက်နေရင်း သွေးလျှံတယ် ဆိုရင် ဆေးပမာဏပြန်ညှိဖို့လိုလို့ ဆရာဝန်နဲ့သေချာပြန်ပြရပါမယ်။
✨နှာခေါင်းခြောက်ပြီး ခဏခဏ နှာခေါင်းသွေးလျှံတယ်ဆိုရင် Saline ဆိုတဲ့ ဆားရည်နှာခေါင်းဖျန်းဆေးလေးသုံးပေးပါ။

👃နှာခေါင်းပေါ်ရေခဲကပ်တာလဲ ပြုလုပ်ပေးလို့ရပါတယ်။ ဒီလိုလုပ်လို့မှ နှာခေါင်းသွေးမတိတ်ရင်၊ သွေးထွက်ပိုများလာရင်၊ နှာခေါင်းသွေးလျှံတာအပြင် သွားဖုံးသွေးယိုတာ ကိုယ်ခန္ဓာမှာ အညိုကွက်တွေပေါ်လာရင် သွေးမတိတ်ရောဂါတခုခုကြောင့်ဖြစ်နိုင်လို့ ‌နီးစပ်ရာ ဆေးခန်းသွားပြီး ဆရာဝန်နဲ့ ပြဖို့လိုပါတယ်။