Blog Detail Pic

ဗိုက်ဆာတိုင်း ခေါက်ဆွဲပြုတ်ပဲစားနေရင် ရေရှည်ဘာဖြစ်နိုင်သလဲ ❓🤔

by | 25 May 2022

ဗိုက်ဆာတိုင်း ခေါက်ဆွဲပြုတ်ပဲစားနေရင် ရေရှည်ဘာဖြစ်နိုင်သလဲ ❓🤔

♨️အသင့်စားခေါက်ဆွဲပြုတ် (Instant Noodles) ဆိုတာ ချက်ရတာလွယ်တယ်၊ စားရတာလဲ အရသာရှိတော့ လူကြီး၊လူငယ်တွေကြိုက်ကြတယ်။ ကိုရီးယား၊ ဂျပန်၊ တရုတ်စတဲ့ နိုင်ငံတွေက ခေါက်ဆွဲပြုတ်ကို အဓိက ထုတ်လုပ်ကြတယ်။ Instant noodle လို့လဲခေါ်တယ်၊ Ramen လို့လဲ ခေါ်ကြပါတယ်။

🍜အသင့်စားခေါက်ဆွဲပြုတ်က လူတွေရဲ့ကျန်းမာရေးအပေါ်ဘယ်လို သက်ရောက်မှုရှိနေလဲဆိုတော့. . .

👩‍🔬အစာခြေဖျက်မှုကို ထိခိုက်ပြီး ကင်ဆာရောဂါဖြစ်စေတယ်။ခေါက်ဆွဲခြောက်ဆိုတာ ကြာရှည်ခံအောင် ဓာတုပစ္စည်းတွေကို အသုံးပြုပြီး ထုတ်လုပ်ရပါတယ်။ အချိန်ကြာကြာစားသုံးရင် နောက်ဆက်တွဲအနေနဲ့ အစာအိမ်နဲ့ အူလမ်းကြောင်းကို ထိခိုက်လာတယ်။ သွေးတဲ့က အချိုဓာတ်နဲ့ အင်ဆူလင်ဓာတ်တွေက မညီမျှတော့ဘူး။ ကြာရှည်ခံအောင်သုံးတဲ့ ဓာတုပစ္စည်းတွေဖြစ်တဲ့
BHA (Butylated hydroxyanisole) နဲ့ TBHQ( t-butylhydroquinone) က ကင်ဆာရောဂါဖြစ်ပွားစေပါတယ်။ 😔

🥀နှလုံးရောဂါကို ဆတိုးစေတယ်
လေ့လာမှုတွေအရ ခေါက်ဆွဲခြောက်ပိုစားတဲ့သူတွေမှာ အဝလွန်ရောဂါ၊ သွေးတိုးရောဂါနဲ့ သွေးတွင်းအဆီဓာတ်တာကို တွေ့ရပါတယ်။ ဘာကြောင့်လဲဆိုတော့ ခေါက်ဆွဲခြောက်တွေမှာ ပါဝင်တဲ့ဆီတွေက ပြည့်ဝဆီတွေပါ။ ဒီအချက်တွေက နှလုံးသွေးကျောပိတ်တာ၊ နှလုံးကြီးတာ၊ ကြာရင် နှလုံးပုပ်တာ စတာတွေဖြစ်နိုင်ပါတယ်။

😰ဆားပါဝင်မှုများလွန်းခြင်း
အငံဆားလွန်းရင် သွေးတိုးဖြစ်မယ်ဆိုတာ လူတိုင်းသိကြပါတယ်။ သို့သော် ခေါက်ဆွဲပြုတ်စားရင် အရသာရှိတာကလွဲလို့ ငံလွန်းတယ်လို့ မခံစားရပါဘူး။ ခေါက်ဆွဲပြုတ်မှာ ဆိုဒီယမ် (Sodium) ပါဝင်မြင့်တဲ့ အတွက် သွေးတိုးသမားတွေ အထူးရှောင်ကျဉ်သင့်တဲ့ အစားစာပါ။

😕ဘယ်လိုစားကြမလဲ ?
ခေါက်ဆွဲခြောက်တွေကို ထုခြေပြီး အမှုန့်တွေနဲ ရောပြီးတော့ စားမပြစ်ပါနဲ့။ ဒီလို စားသောက်တာက မှားနေတဲ့နည်းလမ်းတစ်ခုပဲဖြစ်ပါတယ်။
အသင့်စားခေါက်ဆွဲခြောက်တွေကို ရေနွေးနဲပြုတ်တဲ့အခါမှာ ပထမ တစ်ရည်ကိုသွန်ပစ်ရပါမယ်။ ဒါမှသာ သွန်ပစ်တဲ့ပထမ ရည်ထဲမှာဖယောင်းတွေ ကိုဖယ်ရှားပြီးသားဖြစ် သွားမှာ ဖြစ်သွားမှာဖြစ်ပါတယ်။

 ခေါက်ဆွဲထုပ်မှာပါတဲ့အချိုအမှုန့်ထုပ်က ကျန်းမာရေးနဲ့မညီညွှတ်ဖြစ်တာကြောင့် တစ်ဝက်လောက်သာထည့်စားပေးပါ။

 ခေါက်ဆွဲထဲမှာ ကာဗွန်ဟိုက်ဒရိတ်ပါဝင်တာကြောင့် အသီးအရွက်၊ ကြက်ဉ စတာတွေနဲ့ရောစားပေးမယ်ဆိုရင်တော့အာဟာရ ရှိစေမှာဖြစ်ပါတယ်။
ခေါက်ဆွဲပြုတ်ကို နှစ်ရည်ပြုတ်ပေးပါ
ဟင်းသီးဟင်းရွက်ထည့်ပေးပါ
အသားဓာတ်ရအောင် ကြက်ဥ၊ အသားထည့်ပေးပါ
အထုပ်မှာပါတဲ့ ရသာမှုန့်ကို အသုံးမပြုပဲ ကိုယ်တိုင်အိမ်မှ ဟင်းခတ်အမွှေးအကြိုင်သုံးနိုင်ရင် ပိုကောင်းပါတယ်။
နေ့စဉ် ရက်ဆက်မစားပါနဲ့

☺️ကိုယ်ကြိုက်တာလေးလဲ စားရင်း ကျန်းမာရေးကိုလဲ ဂရုစိုက်တတ်ဖို့လိုပါတယ်။ တာရှည်ခံ အစားအသောက်တိုင်းက ကျန်းမာရေးကို ထိခိုက်နိုင်တာမို့ ရှောင်နိုင်ရင် အကောင်းဆုံးပါပဲ။