Blog Detail Pic

"ဆံပင်အရောင်မဆိုးခင် သိထားသင့်တဲ့အချက်များ

by | 26 May 2022

"ဆံပင်အရောင်မဆိုးခင် သိထားသင့်တဲ့အချက်များ"

ဟိုးအရင်ခေတ်တွေတုန်းကတော့ အသက်ကြီးတဲ့ လူတွေလောက်ပဲ ဆံပင်ဆေးဆိုးခဲ့တာ ဒီနေ့ခေတ်ဆိုရင် လူကြီးကလည်း လူကြီး အလျှောက် ဆံပင် အမဲရောင် ဆိုးရတယ်၊ လူငယ်တွေကလည်း အလှအပ အတွက် ဆံပင် Bleach လုပ်တယ်၊ Hightlight ဖောက်တယ်၊ အရောင်မျိုးစုံကို ၆ လ တစ်ခါလောက်ပြောင်းလာကြပါတယ်။ ဒီတော့ ဒီလိုမျိုးဆံပင်တွေကို ဆေးဆိုးရင် ဘာတွေဖြစ်လာနိုင်တယ်ဆိုတာကို မဆိုးခင်တည်းက ကြိုတင်သိထားသင့်ပါတယ်။

🚨ဆံပင်တွေပြတ်ထွက်တာ
ဆံပင်ဆိုးတာ ဘယ်လောက်ပဲ Chemical နည်းပါတယ်ပြောပြော Ammonia တွေ၊ Ammonia free ဆိုလည်း အခြားဓါတ်ပေါင်းတွေ၊ Peroxide တွေ စသည့်ဖြင့်အများကြီးပါပါတယ်။ သူတိုက ဆံပင်တွေရဲ့ အပြင်လွှာတွေကို ထိုးဖောက်ဝင်ရောက်ပြီး ကြာလာတဲ့အခါဆံပင်တွေကိုပြတ်ထွက်စေပါတယ်။

🚨ဉီးရေပြားနဲ့ ဓါတ်မတည့်တာ
အချိုလူတွေမှာ အရေပြားနဲ့ဓါတ်မတည့်တဲ့ ဓါတုပစ္စည်းတွေပါတတ်ပါတယ်။ နှင်းခူနဲ့ အခြားအရေပြားရောဂါရှိတဲ့လူတွေဆို ဆေးဆိုးခြင်းကိုတတ်နိုင်သလောက်ရှောင်သင့်ပါတယ်။ အချိုပန်းနာရင်ကြပ်ရှိတဲ့လူတွေမှာလည်းဓါတ်မတည့်တာတွေဖြစ်ပွားနိုင်ပါတယ်။

🚨ဆံပင်ဆိုးဆေးတွေမျက်လုံးထဲဝင်ရင်လည်း မျက်သားတွေယောင်ပြီး ရဲလာတတ်ပါတယ်။

🚨ဆံပင်ကျွတ်တာ
ဆိုးဆေးတွေက ဓါတုပစ္စည်းတွေဖြစ်တဲ့အတွက် မွေးညင်းပေါက်လေးတွေ ဦးရေပြားတွေထိရင် ဆံပင်ကို သက်တမ်းတိုပြီး ကျွတ်ထွက်စေပါတယ်။

🚨ကင်ဆာဖြစ်နိုင်ခေျရှိတာ
ဆံပင်ဆိုးခြင်းဟာ လေ့လာမှုတွေ အရ ဆီးအိတ်ကင်ဆာ၊ သွေးကင်ဆာ၊ ရင်သားကင်ဆာ တိုနဲ့ ဆက်စပ်မှုရှိတာတွေ့ရပါတယ်။ ဒါပေမယ့် အတိအကျကောက်ချက်ချဖိုကတော့ လေ့လာမှုတွေ ထပ်လုပ်ဖိုလိုပါသေးတယ်။

ဒါကြောင့်မို့လို ဆံပင်ဆေးဆိုးတာ ခေတ်ရေစီးကြောင်းအရ ဆိုပေမယ့် အထက်ပါပြသနာတွေရှိတတ်တာတော့ သတိထားရပါမယ်။ ဆိုးဖိုလိုလာရင်လည်း ဓါတုပစ္စည်း အနည်းဆုံးဆေးမျိုး၊ Henna စတဲ့ ဒါန်းမှုန့်ဆိုးထားမျိုးက အနည်းငယ်တော့ပိုစိတ်ချရပါတယ်။ ခဏခဏဆိုးတာထက် ၆ လအစား ၁ နှစ်လောက်နေမှ အရောင်ပြောင်းတာတို စသည့်ဖြင့် အချိန်ကြာကြာ ခြားသင့်ပါတယ်။