Blog Detail Pic

ဟင်းအနှစ်ရဖို့အတွက်ပဲဖြစ်ဖြစ်၊ ရေလေး

by | 26 May 2022

ဟင်းအနှစ်ရဖို့အတွက်ပဲဖြစ်ဖြစ်၊ ရေလေးစင်အောင်ဆေးပြီး အစိမ်းလိုက်ပဲ ဝါးစားစား၊ လက်ဖက်သုပ် နဲ့ အခြားသောအသုပ်တွေထဲပဲထည့်စားစား၊ ပုစွန်ခြောက်မှုန့်၊ ပဲမှုန့်၊ဆီချက်တို့နဲ့ပဲ သုပ်စားစားအရသာရှိတဲ့ ခရမ်းချဉ်သီး လေးကို ကြိုက်လား။ ဟင်းထဲမှာခရမ်းချဉ်သီးပါမှ စားတတ်တယ်ဆိုတဲ့သူဆိုရင်တော့ ကြိုက်တာတွေကို စားရင်းကျန်းမာရေးအကျိုးကျေးဇူးတွေရနိုင်တယ်ဆိုတော့ ဘယ်လောက်များပျော်စရာကောင်းလိုက်မလဲနော်။

ခရမ်းချဉ်သီးက အရောင်အသွေးလှတယ်၊ စားလိုက်ရင်ခပ်ချဉ်ချဉ်အရသာလေးရှိပြီး စားလို့ကောင်းတယ်ဆိုတာနဲ့တင်ပြီးသွားတာမဟုတ်ပါဘူး။ အခုလိုကျန်းမာရေးအကျိုးကျေးဇူးလေးတွေလည်း ပေးပါသေးတယ်။

✅အသားအရေကျန်းမာလှပစေနိုင်တယ်

ခရမ်းချဉ်သီးမှာ အသားအရေကိုကြည်လင်စေနိုင်တဲ့ lycopene ကြွယ်ဝစွာပါဝင်နေပြီး အသားအရေထိန်းသိမ်းမှုအတွက်တော်တော်လေး အထောက်အကူပြုပေးနိုင်မှာပါ။ စားပေးလို့ရသလို အရေပြားပေါ်မှာ ခရမ်းချဉ်သီး ကပ်ပေးတာကလည်း အသားအရေကိုထိထိရောက်ရောက်ထိန်းသိမ်းရာရောက်ပါတယ်။ အသားအရေလေးကြည်ကြည်လင်လင်လေးလှချင်တယ်ဆိုရင်တော့ ခရမ်းချဉ်သီးလေးရဲ့ အကူအညီယူလိုက်ပါနော်။

✅မျက်စိအားကောင်းစေတယ်

ဗီတာမင် A ပါဝင်နေမှုက အမြင်အာရုံကို ကျန်းမာစေနိုင်ပါတယ်။ ကြက်မျက်သင့်တာအပါအဝင် အမြင်အာရုံ ပြဿနာအမျိုးမျိုးကို အထိရောက်ဆုံးကာကွယ်ဖို့ဆိုရင် ခရမ်းချဉ်သီး စားပေးလို့ရပါတယ်။ သွေးတွင်းသကြားဓာတ် ထိန်းသိမ်းဖို့အတွက်လည်း ခရမ်းချဉ်သီးကို စားပေးလို့ရပါတယ်။ ဒါ့အပြင် နေရောင်ခြည်နဲ့ တခြားသော အလင်းရောင်တွေကြောင့် ဖြစ်တတ်တဲ့ မျက်စိထိခိုက်ခြင်းနဲ့ အသက်ကြီးလာတဲ့အခါ ဖြစ်လေ့ရှိတဲ့ အနီးမှုန်ခြင်းကိုလည်း ကို ကာကွယ်ပေးနိုင်ပါတယ်။

✅ဝမ်းချုပ်သက်သာစေတယ်

ခရမ်းချဉ်သီးမှာတော့ ဓာတ်တိုးဆန့်ကျင်အာနိသင်ကြွယ်ဝစွာပါဝင်နေသလို သွေးတွင်းက အဆိပ်အတောက်တွေကို အထိရောက်ဆုံးဖယ်ရှားပေးနိုင်တဲ့ ဗီတာမင် A နဲ့ ဗီတာမင် C တို့ကြွယ်ဝစွာပါဝင်နေပါတယ်။ အစာခြေစနစ်ကို အထောက်အကူပြုပေးနိုင်တာကြောင့် ဝမ်းချုပ်တတ်တဲ့သူတွေဆို တစ်နေ့တစ်လုံးလောက် ပုံမှန်စားပေးသင့်ပါတယ်။

✅ကင်ဆာကာကွယ်နိုင်စွမ်းရှိတယ်

ခရမ်းချဉ်သီးမှာ lycopene ပါဝင်နေတာကြောင့် ဆီးကျိတ်ကင်ဆာ၊ အူမကြီးကင်ဆာနဲ့ အစာအိမ်ကင်ဆာတွေမဖြစ်အောင်ကာကွယ်ပေးနိုင်ပါတယ်။ ကင်ဆာဆဲလ်တွေပွားမလာအောင်လည်း အကောင်းဆုံးကာကွယ်ပေးနိုင်ပါတယ်။ သတိထားရမှာက ခရမ်းချဉ်သီးက ချက်လိုက်တဲ့အခါမှ lycopene ပိုကြွယ်ဝသွားတာပါ။ ဒါကြောင့် ဟင်းရည်ထဲမှာထည့်ချက်တာ၊ ဟင်းအနှစ်ချက်တာမျိုးလုပ်ပေးတာက အဆင်ပြေစေမှာပါ။

✅နှလုံးကျန်းမာစေနိုင်တယ်

ခရမ်းချဉ်သီးမှာ ဗီတာမင် B နဲ့ ပိုတက်ဆီယမ်ပါဝင်နေမှုက သွေးတွင်းကိုလက်စထရောကို ကျစေပြီး သွေးပေါင်ချိန်ကို အထိရောက်ဆုံးထိန်းညှိပေးနိုင်ပါတယ်။ ခရမ်းချဉ်သီး ကို ပုံမှန်စားသုံးပေးတာက ရုတ်ရက်နှလုံးရပ်တာ၊ လေဖြတ်တာလိုမျိုး အသက်အန္တရာယ်ထိခိုက်စေနိုင်တဲ့ရောဂါတွေကနေ အထိရောက်ဆုံးကာကွယ်ပေးနိုင်မှာပါ။

✅ဆံသားကျန်းမာစေနိုင်ပါတယ်

ခရမ်းချဉ်သီးမှာ ဗီတာမင် A ပါဝင်နေမှုက ဆံသားကို ကျန်းမာတောက်ပြောင်စေမှာပါ။ ဒါတင်လားဆိုတော့မဟုတ်သေးပါဘူး။ ဆံသားကျန်မးာမှုနဲ့အတူ မျက်လုံး၊ အသားအရေ၊ အရိုး နဲ့ သွားတွေကိုပါကျန်းမာစေနိုင်ပါသေးတယ်။

✅ကျောက်ကပ်ကျန်းမာစေနိုင်တယ်

ခရမ်းချဉ်သီးကို အစေ့မပါဘဲစားပေးမယ်ဆိုရင် ကျောက်ကပ်ကိုကျန်းမာစေနိုင်ပြီး ဆီးကျောက်တည်တာမျိုးမဖြစ်အောင် အထိရောက်ဆုံးကာကွယ်ပေးနိုင်မှာပါ။

ခရမ်းချဉ်သီးလေးကို တစ်နေ့တစ်လုံးလောက်စားဖြစ်အောင်စားလို့ အခုပြောတဲ့ ကျန်းမာရေးအကျိုးကျေးဇူးလေးတွေကို ရယူလိုက်ပါ