Blog Detail Pic

သင်္ကြန်လည်းနီးပြီးဆိုတော့ တရားစခန်းဝင်မယ့်သူတွေနဲ့ ဉပုသ်စောင့်ကြမယ့်သူတွေရှိကြသလား?

by | 26 May 2022

သင်္ကြန်လည်းနီးပြီးဆိုတော့ တရားစခန်းဝင်မယ့်သူတွေနဲ့ ဉပုသ်စောင့်ကြမယ့်သူတွေ ရှိကြလား။ ဥပုသ်မစောင့်တောင် သက်သတ်လွတ်စားကြတဲ့သူလည်း အများကြီးပါပဲ။ ဥပုသ်စောင့်တာက ဘာသာရေးအရ ကုသိုလ်ရတယ်ဆိုတာတော့ ပြောစရာ မရှိပါဘူး။ ပိုပြီးကောင်းတာက သူ့မှာ ကျန်းမာရေးအရ ကောင်းကျိုးတွေ ရှိနေတာပါပဲ။

ဉပုသ်စောင့်တဲ့အခါမှာ အားလုံးသိတဲ့အတိုင်း နေ့လည် ၁၂ နာရီကျော်တာနဲ့ ဘာအစားအစာမှ စားလို့မရတော့ပါဘူး။ တကယ်တော့ ဒါကလည်း နေ့လွှဲညစာရှောင်တာက intermittent fastingတစ်မျိုးပါပဲ။ မနက် အရုဏ်တက် ၅နာရီ ၆နာရီလောက်ကနေ စစားပြီး နေ့လယ်၁၂နာရီကျော်ရင် ဘာမှ မစားတာ ဖြစ်တဲ့အတွက် အဆာခံခြင်း နည်းလမ်း တစ်မျိုးပါပဲ။ ဒီလိုနေတာက တရားအားထုတ်ဖို့ ပိုအချိန်ရသလို ကျန်းမာရေးကောင်းကျိုးတွေလည်း အများကြီး ရှိပါတယ်။

Intermittent fastingဟာ

• အဆီတွေကို လောင်ကျွမ်းစေတယ်။
• ကိုယ်အလေးချိန် ကျစေတယ်။
• အမျိုးအစား ၂ ဆီးချို ရောဂါဖြစ်နိုင်ချေကို ချစေတယ်။
• ဆဲလ်တွေ ပျက်စီးတာကို ကာကွယ်ပေးတယ်။
• နှလုံးရောဂါကို ကာကွယ်ပေးတယ်။
• ကင်ဆာကို ကာကွယ်ပေးတယ်။
• ဦးနှောက်စွမ်းဆောင်ရည်ကို တိုးစေတယ်။
• အယ်လ်ဇိုင်းမားရောဂါကို ကာကွယ်ပေးတယ်။
• အသက်ရှည်စေတယ် စတဲ့ ကောင်းကျိုးတွေ ရရှိစေပါတယ်။

ဥပုသ်စောင့်ဖို့ အခက်အခဲ ရှိတဲ့သူတွေက သက်သတ်လွတ်စားကြပါတယ်။ ဒီလို အသားတွေ ရှောင်ပြီး အသီးအရွက်တွေပဲ စားတာက ကျန်းမာရေးအရကြည့်မယ်ဆိုရင် ကောင်းကျိုးတွေ အများကြီး ရှိနေပါတယ်။

• လေ့လာချက်တွေအရတော့ သက်သတ်လွတ်စားတာက ရေတိုပဲ ဆိုရင်တောင် ကိုယ်အလေးချိန်ကျဖို့ အကူအညီပေးနိုင်ပါတယ်တဲ့။

• နောက်ပြီး သွေးထဲမှာ မကောင်းတဲ့အဆီတွေ၊ ကိုလက်စထရောတွေလည်း နည်းသွားပါတယ်တဲ့။


ကင်ဆာဖြစ်နိုင်ချေကို ကြည့်မယ်ဆိုရင်လည်း သက်သတ်လွတ်စားတဲ့သူတွေက မစားတဲ့သူတွေထက် ပိုနည်းနေပါတယ်။

• နှလုံးရောဂါဖြစ်ဖို့လည်း အခွင့်အလမ်း နည်းသွားပါတယ်။

• ဆီးချိုဖြစ်နိုင်ချေလည်း နည်းသွားပါတယ်။

တရားထိုင်တာ၊ ပုတီးစိပ်တာက တရားရဖို့ဆိုပေမယ့် တရားမရခင် စပ်ကြားမှာကိုတင် ကျန်းမာရေး ကောင်းကျိုးတွေ အများကြီး ရနှင့်ပြီးပါပြီ။ တရားထိုင်တာက တစ်ခုခုကို စူးစိုက်ပြီး အာရုံပြုထားတဲ့အတွက်

• စိတ်ဖိစီးမှုကို လျော့ကျစေတယ်။

• စိတ်ဖိစီးမှုဒဏ်တွေကို ခံနိုင်ရည်ရှိလာတယ်။

• စိတ်နဲ့ ကိုယ်နဲ့ ကပ်ပြီး အလုပ်လုပ်တတ်လာတယ်။

• အာရုံစူးစိုက်မှု ကောင်းလာတယ်။

• စိတ်ကူးဉာဏ်တွေ၊ တီထွင်မှုတွေ အားကောင်းလာတယ်။

• စိတ်ရှည်သည်းခံတတ်လာတယ် စတဲ့ ကောင်းကျိုးတွေ အများကြီး ရလာပါတယ်။

ဒါ့ပြင် ဆီးချို၊ သွေးတိုး၊ နှလုံးရောဂါနဲ့ ကင်ဆာ ဝေဒနာရှင်တွေဟာလည်း တရားထိုင်ပေးရင် ပိုပြီး သက်သာလာတယ်လို့ ဆိုကြပါတယ်။

ကုသိုလ်တွေရော၊ ကျန်းမာရေးအကျိုးကျေးဇူးတွေပါ ရမှာမို့လို့ ဉပုသ်စောင့်ရင်း၊ သတ်သတ်လွတ်စားရင်းနဲ့ မိမိနေအိမ်ကနေ ဘယ်မှလျှောက်မသွားဘဲ ဒီသကြ်န်တွင်းကို အေးအေးချမ်းချမ်းဖြတ်ကျော်လိုက်ကြရအောင်။