Blog Detail Pic

😴နေ့လည်ခင်းတ​စ်ရေးအိပ်တတ်လား..

by | 28 May 2022

😴နေ့လည်ခင်းတ​စ်ရေးအိပ်တတ်လား..

တချို့​သောလူတွေက ညဘက်​အိပ်​ရေးမဝလို့ (သို့) အလုပ်ပင်ပန်း​လို့ ​တ​စ်ရေး အိပ်တတ်တဲ့အကျင့်မျိုးရှိတတ်ပါတယ်။ ဒီလိုတ​စ်ရေးအိပ်လိုက်ခြင်းက ပင်ပန်းတာ​တွေ ​​ပြေ​လျော့​စေပြီး ပိုမိုနိုးကြားလန်းဆန်းစေကာ လုပ်ငန်း​ဆောင်တာများကိုလဲ ပိုမိုစွမ်း​ဆောင်​စေနိုင်ပါတယ်။

ဒါ​ပေမယ့် ည​နေ​စောင်းခါနီးမှ တ​စ်ရေးအိပ်တာမျိုး၊ အချိန်အကြာကြီး အိပ်မိတာမျိုးဆိုရင်

၁. Sleep inertia လို့​ခေါ်တဲ့ တ​ရေးအိပ်ပြီး ပြန်ထလာတဲ့ အချိန်မှာ စိတ်မကြည်လင်တာ၊ နိုးတဝက် အိပ်တဝက်နဲ့ ဖြစ်တတ်ပြီး ပြန်အိပ်​ပျော်သွားတာမျိုး ​တွေဖြစ်တတ်ပါတယ်။

၂. ညဘက်အိပ်​ရေးပျက်တာမျိုး​တွေ ကြုံ​တွေ့​စေနိုင်ပါတယ်။

ဒါ​ကြောင့် ​နေ့လယ်ခင်းတ​စ်ရေးအိပ်ချင်​နေပြီဆိုရင်

၁။ အများဆုံး မိနစ် ၂၀​လောက်ထိပဲ ​ခေတ္တအိပ်စက်အနားယူသင့်ပါတယ်။ အဲ့ထက်ပိုပြီးအိပ်မိမယ်ဆိုရင်​တော့ အ​ပေါ်မှာ​ပြောခဲ့တဲ့အတိုင်း အိပ်​ရေးမဝဘဲ စိတ်မကြည်လင်တာမျိုး ဖြစ်တတ်ပါတယ်။

၂။ မွန်းလွဲ ၃နာရီ မတိုင်ခင် အိပ်စက်သင့်ပါတယ်။ ၃နာရီ​နောက်ပိုင်းမှ အိပ်မယ်ဆိုရင်​ ညဘက်အိပ်စက်တာကို အ​နှောင့်အယှက်ပြုနိုင်ပါတယ်။

၃။ အချိန်ခဏပဲ ​အိပ်စက်အနားယူရမှာ ဖြစ်တဲ့အတွက် တကယ်ကိုတိတ်ဆိတ်ငြိမ်သက်တဲ့​နေရာမျိုးကို ​ရွေးချယ်သင့်ပါတယ်။

#DoctorMM