Blog Detail Pic

လူကြီးလူငယ်မရွေး ဖြစ်တတ်တဲ့ လိပ်ခေါင်းရောဂါ

by | 28 May 2022

လူကြီးလူငယ်မရွေး ဖြစ်တတ်တဲ့ လိပ်ခေါင်းရောဂါ

လိပ်ခေါင်းရောဂါဆိုတာ ....
စအိုလမ်းကြောင်းမှာရှိတဲ့ သွေးပြန်ကြောတွေ ဖိအားခံစားရပြီး ရောင်ရမ်းလာတာကနေ လိပ်ခေါင်းဆိုတာဖြစ်လာတာပါ။

⏩ ဘာကြောင့် လိပ်ခေါင်းရောဂါ ဖြစ်​ရတာလဲ ?

အများစုရဲ့ ဖြစ်ရတဲ့ အကြောင်းရင်းကတော့ ဝမ်းချုပ်လို့ ဝမ်းသွားတဲ့အချိန် အားထည့်ပြီး ညှစ်ရတာကြောင့်ပါပဲ
တခြားဖြစ်စေနိုင်တဲ့အကြောင်းတွေက ..
-အဝလွန်တာ
-အသက်ကြီးလို့ ကြွက်သားတွေအားလျော့နည်းတာ
-ကိုယ်ဝန်ဆောင်ခြင်း
-မိသားစုမျိုးရိုးမှာ လိပ်ခေါင်းရောဂါ ဖြစ်ဖူးတာ
-အလေးအပင် မကြာခဏ မ ခြင်း
-နာတာရှည်ချောင်းဆိုးခြင်း
-အချိန်ကြာမြင့်စွာ ထိုင်ခြင်း တို့ပဲ ဖြစ်ပါတယ်

⏩ ဘယ်လို လက္ခဏာတွေ ခံစားရမလဲ ?

-ဝမ်းသွားတာမှာ သွေးပါလာတာ၊ သွေးစက်ကျတာ
-စအိုဝကနေ အလုံးထွက်လာတာ
-စအိုဝမှာ ယားတာ၊နာတာ ခံစားရတာတွေ ဖြစ်နိုင်ပါတယ်

⏩ လိပ်ခေါင်းရောဂါရဲ့ အဆင့်သတ်မှတ်ချက်

အဆင့်၁ - စအိုလမ်းကြောင်းထဲမှာပဲ ရှိတယ်
အဆင့်၂ - ဝမ်းသွားရင် စအိုဝကနေထွက်လာတယ်
ပြီးရင် သူ့ဘာသူပြန်ဝင်သွားတယ်
အဆင့်၃ - အဆင့်၂ လိုပဲ ဝမ်းသွားရင် စအိုဝကနေ ထွက်လာတယ် ၊ သူ့ဘာသူပြန်မဝင်ဘဲ လက်နဲ့ ပြန်သွင်းမှ ဝင်တော့တယ်
အဆင့်၄ - စအိုဝအပြင်မှာပဲရှိတော့တယ် လက်နဲ့ပြန်သွင်းလို့လည်း မဝင်တော့ဘူး

⏩ လိပ်ခေါင်းရောဂါမဖြစ်အောင် ဘာတွေရှောင်ရမလဲ ?

⁃ အသီးအရွက်များများစားပါ
⁃ ရေများများသောက်ပါ
⁃ ကော်ဖီ၊ လက်ဖက်ရည်၊ အရက်သောက်တာရှောင်ပါ
⁃ ဝမ်းချုပ်မခံပါနဲ့
⁃ ဝမ်းသွားချင်တာ အောင့်ထားတာမျိုး ဝမ်းညှစ်ရတာမျိုးတွေ ရှောင်သင့်ပါတယ်
⁃ အိမ်သာထဲမှာ အကြာကြီးထိုင်တာမျိုးမလုပ်ပါနဲ့
⁃ ကိုယ်အလေးချိန် အဝမလွန်အောင် ထိန်းသိမ်းပါ
⁃ စအိုဝတစ်ဝိုက် ယားတာနာတာ သက်သာအောင် ရေနွေးစိမ်တာလုပ်ပေးလို့ရပါတယ်

⏩ ဘယ်လိုကုသရမလဲ ?

လိပ်ခေါင်းရောဂါကုတဲ့အခါ ရောဂါအခြေအနေ၊ အဆင့်ပေါ်မူတည်ပြီး လိမ်းဆေး၊ သောက်ဆေး နဲ့ သက်သာတာရှိသလို ခွဲစိတ်မှုလိုအပ်တာလည်းရှိနိုင်ပါတယ်။
လိပ်ခေါင်းရောဂါလို့ ယူဆရတဲ့ လက္ခဏာတွေ ခံစားရပြီဆိုတာနဲ့ ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ် 🩺

#DoctorMM