Blog Detail Pic

ဖုန်းသုံးတာလည်း မလျှော့ချင်ဘူး မျက်မှန်လည်း မတပ်ချင်ဘူးဆိုရင်တော့ ဒီအစားအသောက်တွေကို စားပေးဖို့ လိုပါလိမ့်မယ်။

by | 28 May 2022

ဖုန်းသုံးတာလည်း မလျှော့ချင်ဘူး မျက်မှန်လည်း မတပ်ချင်ဘူးဆိုရင်တော့ ဒီအစားအသောက်တွေကို စားပေးဖို့ လိုပါလိမ့်မယ်။

လူတော်တော်များများက ဖုန်းထဲက စာသေးသေးလေးတွေကို အားစိုက်ဖတ်ရင်း မျက်တောင်ခတ်ဖို့ မေ့သွားတတ်ကြပါတယ်။ အကျိုးဆက်အနေနဲ့ မျက်လုံးယားယံတာ၊ မျက်လုံးခြောက်တာ၊ အဝေးမှုန်တာတွေကို ခံစားလာရတတ်ပါတယ်။


အောက်ပါအစားအစာတွေကတော့ မျက်လုံးအတွက် အကောင်းဆုံးလို့ ယူဆထားတဲ့အစားအစာတွေပဲ ဖြစ်ပါတယ်။ အများစုဟာ ရာသီမရွေး တနှစ်တာကာလပတ်လုံး သက်သာတဲ့ဈေးနှုန်းနဲ့ ဝယ်ယူနိုင်တဲ့ အစားအစာမျိုးတွေ ဖြစ်ပါတယ်။


၁။ ငါးအမျိုးမျိုး


ငါးအမျိုးမျိုးစားသုံးခြင်းဟာ မျက်စိကျန်းမာရေးကို ကောင်းစေပါတယ်။ အထူးသဖြင့် ဆယ်လ်မွန်ငါး ဖြစ်ပါတယ်။ မျက်စိခြောက်သွေ့ခြင်းကိုလည်း ကာကွယ်နိုင်ပါတယ်။


၂။ ဥအမျိုးမျိုး


ဥအမျိုးမျိုးမှာ ဗီတာမင်အေ၊ လူတိန်း၊ zeaxanthin၊ ဇင့် စတာတွေ ကြွယ်ဝလို့ မျက်စိကျန်းမာရေးအတွက် အထောက်အကူပြုပါတယ်။ ဗီတာမင်အေဟာ မျက်ကြည်လွှာအတွက် အထူးအရေးပါပါတယ်။


၃။ မက်မွန်


မက်မွန်သီးအပါအဝင် အခြား အစေ့အဆန်များဟာ မျက်စိကျန်းမာရေးကို အထောက်အကူပြုပါတယ်။ မက်မွန်သီးမှာ ဗီတာမင်အီးပါဝင်ပါတယ်။ ဗီတာမင်အီးကို ပုံမှန်စားသုံးရင် အသက်အရွယ်ကြောင့်ဖြစ်တတ်တဲ့ မျက်စိမှုန်ခြင်း၊ တိမ်စွဲခြင်းကို လျော့ကျစေပါတယ်။ တရက်ကို ဗီတာမင်အီး ၁၅ မီလီဂရမ် စားသုံးသင့်ကြောင်း ဆိုထားပါတယ်။ ဗီတာမင်အီးပါဝင်တဲ့ တခြား အစေ့အဆန်တွေကတော့ နေကြာစေ့၊ သစ်ကြားစေ့၊ မြေပဲ စတာတွေ ဖြစ်ပါတယ်။


၄။ နို့ထွက်ပစ္စည်းများ


နို့နဲ့ဒိန်ချဉ်ဟာ မျက်စိကျန်းမာရေးအတွက် ကောင်းမွန်စေပါတယ်။ နို့ထွက်ပစ္စည်းတွေမှာ ဗီတာမင်အေနဲ့ ဇင့်ဓါတ် ပါဝင်ပါတယ်။ ဗီတာမင်အေဟာ သူငယ်အိမ်ကို ပျက်စီးခြင်းလျော့ပါးအောင် အကာအကွယ်ပေးနိုင်ပြီး ဇင့်ကတော့ အသည်းက ဗီတာမင်အေကို မျက်စိဆီရောက်အောင် ကူညီပေးပါတယ်။ ဒါ့အပြင် ဇင့်ဟာ ညအမြင်အာရုံကို အားကောင်းစေပြီး အတွင်းတိမ်မဖြစ်အောင်လည်း ကာကွယ်ပေးပါတယ်။


၅။ မုန်လာဥနီ


မုန်လာဥနီဟာ မျက်စိအတွက် ကောင်းတယ်ဆိုတာ အတော်များများ သိကြပါတယ်။ မုန်လာဥနီမှာလည်း ဗီတာမင်အေနဲ့ ဗီတာကရိုတင်းကြွယ်ဝပါတယ်။ ဗီတာမင်အေနဲ့ ဘီတာကရိုတင်းဟာ မျက်စိရဲ့မျက်နှာပြင်ကို အကာအကွယ်ပေးပါတယ်။ မျက်စိပိုးဝင်ခြင်းနဲ့ တခြားဆိုးရွားတဲ့ အခြေအနေတွေမကြုံရအောင် အထောက်အကူပြုပါတယ်။


မုန်လာဥနီဟာ တကူးတက ပြင်ဆင်ချက်ပြုစရာမလိုဘဲ နေ့စဉ် အတို့အမြှုပ်အနေနဲ့ စားသုံးနိုင်တာ အားသာချက်တခုပါပဲ။ ဒါ့အပြင် ဟင်းချိုထဲ ထည့်ချက်နိုင်ပါသေးတယ်။


၆။ ကိုက်လန်


ကိုက်လန်မှာ အရေးကြီးတဲ့ ဗီတာမင်၊ အာဟာရဓါတ်၊ သတ္တုဓါတ်များစွာ ပါဝင်ပါတယ်။ မျက်စိကျန်းမာရေးအတွက်လည်း အတော်လေး ကောင်းမွန်ပါတယ်။ကိုက်လန်ဟာလည်း အထူးပြင်ဆင်စရာမလိုဘဲ နေ့စဉ် စားသုံးဖွယ်ရာတွေထဲမှာ ထည့်သွင်းစားသုံးနိုင်တဲ့ စားစရာပဲ ဖြစ်ပါတယ်။


၇။ လိမ္မော်သီး


လိမ္မော်သီးမှာ မျက်စိကျန်းမာရေးအတွက် အဓိကကျတဲ့ ဗီတာမင်စီပါဝင်ပါတယ်။ မျက်စိအတွင်းက သွေးကြောတွေကောင်းမွန်အောင် အထောက်အကူပြုပြီး တိမ်စွဲခြင်းပြဿနာကို လျော့နည်းစေပါတယ်။

#DoctorMM