Blog Detail Pic

အစာအိမ်နာတတ်တဲ့ လူနာ​တွေ ​ရှောင်သင့်​သော အစားအစာများ

by | 28 May 2022

အစာအိမ်နာတတ်တဲ့ လူနာ​တွေ ​ရှောင်သင့်​သော အစားအစာများ

🥝အချဥ်ဓါတ်ပါ​သော အသီးအနှံနှင့် ​ဖျော်ရည်များ
ခရမ်းချဥ်သီး၊ လိ​မ္မော်သီး၊ လီမွန်၊ စပျစ်သီး၊ ကီဝီသီး၊ သံပုရာသီး စတဲ့ အသီး​တွေမှာ ပါဝင်တဲ့အချဥ်ဓါတ်​တွေက အ​ကောင်းပကတိရှိ​နေတဲ့အစာအိမ်ကို ​​ကောင်းကျိုး​​သက်​ရောက်​စေတယ်လို့ သတ်မှတ်ကြ​ပေမယ့် အစာအိမ်​ရောင်/ အနာ ဖြစ်​နေမယ်ဆိုရင်​တော့ ပိုပြီးဆိုး​စေမှာဖြစ်ပါတယ်။

🥛 နို့နှင့်နို့ထွက်ပစ္စည်းများ
​ရှေး​ခေတ်ဆရာဝန်​တွေက အအစာအိမ်ရောင်တဲ့လူနာ​တွေကို နွားနို့​သောက်ဖို့ အကြံ​ပေးခဲ့ဖူးပါတယ်။ ဒါ​ပေမယ့် အသစ်အသစ်​သော ရှာ​ဖွေ​တွေ့ရှိချက်တွေအရ နွားနို့ထဲပါဝင်တဲ့ ​အမိုင်နိုအက်ဆစ် (amino acids) နဲ့ ကယ်လဆီယမ် (calcium) တို့က အစာအိမ်ထဲမှာရှိ​နေတဲ့acid ​တွေကို ပိုမိုများလာ​စေပြီးအစာအိမ်အနာဖြစ်​​စေတယ်ဆိုပြီး ရှေးယခင်ကအကြံ​ပေးချက်​တွေကို ဆန့်ကျင်ထားကြပါတယ်။ ဒါ​ပေမယ့်လဲ အချဥ်​ဖောက်ထားတဲ့ probiotic ပါဝင်တဲ့ ဒိန်ချဥ်က​တော့ အစာအိမ်နဲ့ အူလမ်း​ကြောင်းကို သန့်ရှင်း​စေပါတယ်။

🌶စပ်​သောအစားအစာများ
အစပ်အရသာရှိတဲ့အစားအစာ​တွေက အစာအိမ်နံရံ​တွေကို ဆိုးကျိုးတိုက်ရိုက် သက်​ရောက်​စေတာမျိုးမဟုတ်ပဲ အအစာအိမ်ရောင်တာကိုပိုဆိုး​စေတဲ့ အက်ဆစ်​တွေ ပိုမိုထုတ်​လွှတ်​​စေတာ​ကြောင့် အစာအိမ်ရောင်တတ်တဲ့သူ​တွေအ​နေနဲ့​ရှောင်သင့်တဲ့ အစားအစာထဲပါဝင်​နေတာဖြစ်ပါတယ်။

🍝 ပြုပြင်ထားတဲ့အစားအစာများ
စား​ကောင်း​အောင်၊ တာရှည်ခံ​အောင်ပြုပြင်/ ပြုလုပ်ထားတဲ့ဓါတုပစ္စည်း​တွေပါဝင်​သောအစားအစာ ဥပမာ- ပါစတာ (pasta)၊ ​ပေါင်မုန့်ဖြူ၊ ​ဝေဖာ စတဲ့ အစားအစာ​တွေက အအစာအိမ်ရောင်တာဖြစ်​စေရုံသာမက ပိုဆိုး​စေပါတယ်။

☕ ​ကော်ဖီ
​ကော်ဖီထဲမှာပါဝင်တဲ့ ကဖိန်းဓါတ်ဟာအစာအိမ်နဲ့ အူလမ်း​ကြောင်းကို ပိုမိုဆိုးရွား​စေတဲ့အတွက်​ကြောင့် အအစာအိမ်ရောင်တတ်တဲ့သူ​တွေအ​နေနဲ့​ရှောင်ရှားသင့်ပါတယ်။

🍻 အရက်
အစာအိမ် ရောင် တတ်တဲ့သူ​တွေအ​နေနဲ့ အရက်​သောက်သုံးမိမယ်ဆိုရင် ​အစာအိမ်​ယောင်တာပိုဆိုး​​စေပါတယ်။ ဒါ့အပြင် အရက်ကို သတ်မှတ်ထားတဲ့ပမာဏထက်​ကျော်ပြီး အမြဲ​သောက်သုံးမိမယ်ဆိုရင်​အစာ​အိမ်​ယောင်ခြင်းကိုဖြစ်​စေနိုင်ပါတယ်။

🧃 အားဖြည့်အချိုရည်များ
​ကျန်းမာချင်လို့/ ​နေ​ကောင်းချင်လို့ အားဖြည့်အချိုရည်​သောက်မယ်ဆိုတဲ့အ​တွေး​တွေရှိ​နေရင်စွန့်ပစ်​စေချင်ပါတယ်။ အအစာအိမ်ရောင်တတ်တဲ့သူ​တွေအ​နေနဲ့ ကဖိန်းဓါတ်များစွာပါဝင်တဲ့ အားဖြည့်အချိုရည်​​​တတွေသောက်မယ်ဆိုရင်အစာအိမ်ရောင်တာ ပိုဆိုး​စေတဲ့အပြင် အစာချဥ်ရည်​တွေ အထက်သို့ပြန်တက်​စေနိုင်တဲ့ အဓိကအ​ကြောင်းရင်းဖြစ်ပါတယ်။

🥑​ထောပတ်
​​​ထောပတ်တွင် အမျိုးမျိုးသောအဆီ​တွေပါဝင်​နေတဲ့အတွက်​ကြောင့် အစာအိမ်အတွင်းရှိအက်ဆစ်​တွေထုတ်လွှတ်မှုပိုများ​စေပြီး အစာအိမ်​ရောင်ရမ်း​စေပါတယ်။ ​ထောပတ်အပြင် အဆီပါဝင်မှုများတဲ့ အစားအစာ​တွေကို အအစာအိမ်ရောင်တတ်တဲ့သူ​တွေအ​နေနဲ့​ရှောင်ရှားသင့်ပါတယ်။