Blog Detail Pic

အရက်ကို အားဖြည့်အချိုရည်တွေနဲ့ တွဲမသောက်ပါနဲ့

by | 01 Jun 2022

အရက်ကို စွမ်းအားဖြည့် အချိုရည်တွေ နဲ့ ရောသောက်ရတာကို အဝင်ကောင်းတယ်ဆိုပြီး သဘောတကျနဲ့ သောက်မိနေပြီလား။ ဒီလို သောက်တာက မကောင်းပါဘူး။ အရက်ကို တစ်ခုခုနဲ့ရောသောက်ဖို့ လိုတာမှန်ပေမယ့် ရောသောက်မိတဲ့ အချိုရည်က စွမ်းအားဖြည့် အချိုရည် မဖြစ်ဖို့ လိုပါမယ်။

• အရက်ကို စွမ်းအားဖြည့် အချိုရည်နဲ့ ရောသောက်တာက အရသာကောင်းပြီး အဝင် ကောင်းပေမယ့် ကဖင်း အလွန်အကျွံ ပါဝင်နေတာက အယ်လ်ကိုဟော အဆိပ်သင့်မှုကို ပြင်းပြင်းထန်ထန် ခံစားရစေနိုင်ပါတယ်။

• အယ်လ်ကိုဟောက ဗဟိုအာရုံကြောစနစ်ကို ထိခိုက်စေနိုင်ပြီး ဦးနှောက်ရဲ့ လုပ်ဆောင်မှုကို နှေးကွေးစေနိုင်သလို လှုပ်ရှားနိုင်မှု စွမ်းရည်ကို ထိခိုက်စေနိုင်ပါတယ်။

• တက်ကြွလွန်တာမျိုး ဖြစ်စေပြီး နည်းနည်းလေးပဲ သောက်မိရင်တောင် အရမ်း တက်ကြွနေစေပါတယ်။ ဒါက ကောင်းတယ်လို့ ထင်စရာ ရှိပေမယ့် ရေရှည်မှာ ခန္ဓာကိုယ်မှာ အားအင် ကုန်ခမ်းစေနိုင်ပါတယ်။

• ကဖင်း အလွန်အကျွံ သောက်သုံးမိတာကြောင့် စိတ်ရောကိုယ်ပါ ထိခိုက်စေနိုင်ပြီး နှလုံးကျန်းမာရေးကို ထိခိုက်စေနိုင်ပါတယ်။

• စွမ်းအားဖြည့် အချိုရည်တွေမှာ ကယ်လ်လိုရီတွေ အလွန်အကျွံ ပါဝင်နေတာကြောင့် ခန္ဓာကိုယ်မှာ ကျန်းမာရေးနဲ့ မညီညွတ်တဲ့ အဆီတွေ တက်စေပြီး အဝလွန်တာမျိုး ဖြစ်စေနိုင်ပါတယ်။

• ကဖင်းကြောင့် စိတ်ပိုင်းဆိုင်ရာ တက်ကြွလွန်းပြီး ဆုံးဖြတ်ချက် အမှားတွေ ချမိနိုင်ပါတယ်။

• ကဖင်း နဲ့ အယ်လ်ကိုဟောရဲ့ သက်ရောက်မှုတွေကြောင့် အိပ်စက်မှုကို အနှောင့်အယှက် ဖြစ်စေပြီး အိပ်မပျော်တာမျိုး ဖြစ်စေနိုင်ပါတယ်။

အရက် နဲ့ စွမ်းအားဖြည့် အချိုရည်တွေရောသောက်တာက အရသာ ကောင်းပေမယ့် စိတ်ပိုင်းဆိုင်ရာရော ရုပ်ပိုင်းဆိုင်ရာ ကျန်းမာရေးကိုပါ ပြင်းပြင်းထန်ထန် ထိခိုက်စေနိုင်တာကြောင့် မသောက်တာက အကောင်းဆုံးပါ။