Blog Detail Pic

ဓမ္မတာလာနေစဥ် ဆောင်ရန် ရှောင်ရန်အချက်များ

by | 06 Jun 2022

အမျိုးသမီးများ သည် အပျိုဖော်ဝင်လာသည်နှင့်အမျှ လစဉ် ရာသီဓမ္မတာ လာခြင်းကို မလွဲ မသွေ ရင်ဆိုင်ကြရလေ့ ရှိပါတယ်။ ထို ကာလအတွင်း အမျိုးသမီးတွေက ရုပ်ပိုင်းဆိုင်ရာပြောင်းလဲမှုများသာမက စိတ်ပိုင်းဆိုင်ရာ ပြောင်းလဲမှုများကိုပါ ကြုံတွေ့ ခံစားရလေ့ရှိပါတယ်။ ထို့အပြင် ခန္ဓာကိုယ် အတွင်း ဟော်မုန်းများ ပြောင်းလဲမှုကြောင့် ခေါင်းကိုက်ခြင်း၊ ပျို့အန်ခြင်းများကို ခံစားရမည့်အပြင် ဓမ္မတာ သွေးဆင်းနေစဉ် ကာလ အတွင်း ဗိုက်အောင့်ခြင်း ကို ခံစားရလိမ့်မည်။ ထိုကြောင့်ထိုကာလ အတွင်းဆောင်ရန် ရှောင်ရန် သိသင့်သိထိုက်သည်များကို ဖော်ပြသွားပေးချင်ပါတယ်။

📌ဆောင်ရန်

၁။ လုံလောက်စွာအနားယူပါ။
ဓမ္မတာလာနေစဉ်ကာလအတွင်း အမျိုးသမီးများ၏ ဟော်မုန်း level များသည် အနည်းဆုံးအနေအထားသို့ ရောက်ရှိနေတတ်သည်။ ခန္ဓာကိုယ် ၏ ကိုယ်ခံအားစနစ်မှာလည်း အားနည်းနေတတ်သည့် အပြင် အတက်အကျလဲ မြန်ဆန်တတ်သည့်အတွက် လုံလောက်စွာအနားယူသင့်ပါသည်။

၂။ အစားအသောက်ကိုမှန်ကန်စွာရွေးချယ်စားသုံးပါ။
ဓမ္မတာ လာနေစဉ်ကာလအတွင်း မှန်ကန်စွာရွေးချယ်စားသောက်ခြင်းသည် ခံစားနေရ ကိုက်ခဲမှု များအားသက်သာစေရုံမျှက စိတ်ကိုရွှင်လန်းတက်ကြွစေသည်။ အမျှင်ဓါတ်များသော ပဲမျိုးစုံနှင့် ဟင်သီးဟင်းရွက်များသည် ဗီတာမင် ဘီ၊ မက်ဂနီစီယမ်၊ ကယ်စီယံ နှင့် ပိုတက်စီယမ် ဓါတ်များပါဝင်သောကြောင့် ဝမ်းမှန်စေရုံမျှမက ကိုယ်လက်မအီမသာဖြစ်ခြင်း၊ ဗိုက်အောင့်ခြင်းများကို သက်သာလျော့ပါးစေသည်။

၃။ အရည်များများသောက်ပါ။
ဓမ္မတာလာနေစဉ်ကာလအတွင်း အမျိုးသမီးများသည် ခန္ဓာကိုယ် အတွင်းရေဓါတ်ဆုံးရှုံးမှုများဖြစ်ပွားလေ့ရှိပါသည်။ ထို ဆုံးရှုံးသွားသော ရေဓါတ်များကို ပြန်လည်ဖြည့်တင်းရန်အတွက် ရေ ၊ အားဖြည့်အချိုရည်နှင့် သစ်သီးဖျော်ရည်များကို သောက်သုံးရမည်ဖြစ်သည်။

၄။ အပေါ့စားလေ့ကျင့်ခန်းလုပ်ပါ။
သုသေသနလေ့လာမှုများအရ ဓမ္မတာလာနေစဉ်ကာလအတွင်း သက်တောင့်သက်သာရှိသောအပေါ့စားလေ့ကျင့်ခန်းများ ပြုလုပ်ခြင်းသည် ခန္ဓာကိုယ်သွေးလည်ပတ်မှုကိုကောင်းစေပြီး မအီမသာဖြစ်ခြင်း နှင့် ကိုက်ခဲမှုများကိုသက်သာလျော့ပါးစေပါသည်။

၅။ အဝတ်အစားကိုတင်းကြပ်စွာဝတ်ခြင်းမှ ရှောင်ကြဉ်ပါ။
ဓမ္မတာလာနေစဉ်ကာလအတွင်း တင်းကြပ်သောဝတ်စားဆင်ယင်မှုပြုလုပ်ခြင်းသည်သင့်အား သက်တောင့်သက်သာမဖြစ်စေသောကြောင့် ပေါ့ပါး လွတ်လပ်သော ဝတ်စား ဆင်ယင်မှုများပြုလုပ် ပါ။

၆။ ရေနွေးအိတ်အသုံးပြုပါ။
ဓမ္မတာလာနေစဉ်ကာလအတွင်း ရေနွေးအိတ် အား ဝမ်းဗိုက်အောက်ပိုင်းသို့ကပ်ခြင်းသည် အကိုက်အခဲသောက်ဆေးများသောက်သည်ကဲ့သို့ပင် ကိုက်ခဲ့မှုများကိုလျော့ပါးစေသည်။

📌ရှောင်ရန်

၁။ ကော်ဖီ သောက်သုံးမှုလျှော့ချပါ။
ကော်ဖီတွင်ပါဝင်သော ကဖိန်းဓါတ်သည် နာကျင်မှုများကို လှုံဆော်ပေးသောကြောင့်ထိုကာလအတွင်း ကော်ဖီသောက်သုံးမှုကို နည်းအောင်ကြိုးစားပါ။

၂။ လစဉ်သုံးပစ္စည်းများကို မလဲလှယ်ဘဲအချိန်ကြာမြင့်စွာအသုံးပြုခြင်းမှရှောင်ကြဉ်ပါ။
ထိုကဲသို့သော အပြုအမူမျိုးပြုလုပ်ခြင်း သည် လစဉ်သုံးပစ္စည်းတွင် ပိုးမွှားများပေါက်ဖွားစေပြီး အနံအသက်ဆိုးများဖြစ်ပေါ်လာနိုင်သဖြင့် ရှောင်ကြဉ်သင့်ပါသည်။

၃။ အပူအစပ်နှင့် ဆီကြော်မုန့်များလျော့စားပါ။
အပူအစပ်နှင့် ဆီကြော်မုန့်များအလွန်အကျွံ စားသောက်ခြင်းသည် အစာမကြေခြင်း ရင်ပြည့်ရင်ကယ် စေပြီး ကိုယ်လက်မအီမသာဖြစ်ခြင်းကို ပိုမို ဆိုးရွားစေပါသည်။