Blog Detail Pic

ငယ်ငယ်ရွယ်ရွယ်နဲ့ ဆံပင်ဖြူခြင်း

by | 08 Jun 2022

အသက်ကြီးလို့ ဆံပင်ဖြူတာပုံမှန်ပါပဲ ...
အသက်တဖြည်းဖြည်းကြီးလာတာနဲ့ ဆံပင်အရောင်ကို ဖြစ်စေတဲ့ ရောင်ခြယ်ဓာတ်တွေ နည်းလာတာကြောင့်ပါ
ဒါဆိုရင် အသက်ငယ်ငယ်နဲ့ ခေါင်းမှာ ဆံပင်ဖြူတွေတွေ့နေပြီဆိုရင်တော့

💁ဒါတွေကြောင့်ဖြစ်နိုင်ပါတယ် ..

၁။ မျိုးရိုးဗီဇ

အသက်ငယ်ငယ်နဲ့ ဆံပင်ဖြူပေါက်တယ်ဆိုရင်
အဖြစ်နိုင်ဆုံး အကြောင်းရင်းတခုကတော့ မျိုးရီုးဗီဇပါ
မိဘ၊ ဘိုးဘွားတွေမှာ အသက်ငယ်ငယ်နဲ့ ဆံပင်ဖြူရင် သင့်မှာလည်း အလားတူဖြစ်ဖို့ ရာခိုင်နှုန်းများပါတယ်...

၂။ စိတ်ဖိစီးမှု

ခေါင်းတွေရှုပ်လို့ ဆံပင်တွေတောင် ဖြူကုန်ပြီဆိုတာ အမှန်ပါပဲ ၊ လေ့လာချက်အရ ခန္ဓာကိုယ်မှာ စိတ်ဖိစီးမှုခံရတဲ့အခါ ဆံပင်အရောင်ကို ဖြစ်စေတဲ့ ဆဲလ်တွေနည်းပါးမှုဖြစ်စေပါတယ် ဒါကြောင့် ဆံပင်ဖြူတာပါ...

၃။ ဗီတာမင်ဓာတ်ချို့ယွင်းမှု

Vitamin B6, Vitamin B12, Vitamin D,
Vitamin E စတဲ့ ဓာတ်ချို့ယွင်းမှုတွေကလည်း အရွယ်မတိုင်ခင် ဆံပင်ဖြူခြင်းကို ဖြစ်စေပါတယ်...

၄။ရောဂါများ

အချို့ ကိုယ်ခံအားစနစ် ဖောက်ပြန်မှားယွင်းမှုဆိုင်ရာရောဂါများ - Vitiligo , Alopecia areata နဲ့
သိုင်းရွိက်ဟော်မုန်းဆိုင်ရာ ရောဂါများမှာ melanin ဓာတ်နည်းစေတဲ့ အတွက်ကြောင့် အသက်ငယ်ပေမယ့် ဆံပင်ဖြူစေနိုင်ပါတယ်...

၅။ဆေးလိပ်

ဆေးလိပ်မှာ ပါတဲ့ ဓာတ်ပစ္စည်းတွေဟာ ဆံသားအရင်းတွေကို ထိခိုက်စေတဲ့အတွက် ဆံပင်ဖြူစေပါတယ် ဒါ့အပြင် ဆံသားအရင်း အမွေးအိတ်တွေကို ထောက်ပံ့တဲ့ သွေးလည်ပတ်မှု အားနည်းစေတဲ့အတွက် ဆံပင်ကျွတ်ခြင်းကိုပါ ဖြစ်စေပါတယ်..

၆။ဆိုးဆေးများ

ဆိုးဆေးအများစုမှာ ပါဝင်တဲ့ Hydrogen peroxide က ဆံသားအရင်းတွေမှာ စုပုံပြီး ဆံပင်ဖြုခြင်းကို ဖြစ်စေပါတယ်
ဆံသားချွတ်ဆေးတွေကို အများအပြားသုံးတာဟာလည်း အရွယ်မတိုင်ခင် ဆံပင်ဖြူခြင်းကို ပိုဖြစ်စေပါတယ်

ငယ်ငယ်ရွယ်ရွယ်ဆံပင်မဖြူရအောင်
- အာဟာရပြည့်ဝစွာစားသုံးပါ
⁃ သစ်သီး၊ ဟင်းသီးဟင်းရွက်၊ ငါးများများစားပါ
⁃ စိတ်ဖိစီးမှုကို တတ်နိုင်သမျှလျော့ချပါ
⁃ ဆေးလိပ်ဖြတ်ပါ
⁃ ဆံပင်ဆိုးဆေ:၊ချွတ်ဆေးတွေကို တတ်နိုင်သမျှ မသုံးတာကောင်းပါတယ်..