Blog Detail Pic

အနာလည်းကင်း ဆေးဖက်လည်းဝင်သည့် မယ်ဇလီဖူးသုပ်

by | 18 Nov 2021

မြန်မာ့ရိုးရာ ဓလေ့အစဉ်အလာအရ မဲဇလီဖူးသုပ်ကို ဆေးဖက်ဝင်တဲ့ အစာအဖြစ် ဆေးပေါင်းခတဲ့ တန်ဆောင်မုန်းလပြည့်နေ့ ( သာမညဖလအခါတော်နေ့ )မှာ စားလေ့ရှိကြပါတယ်။ မဲဇလီဖူးမှာ ရေဓာတ်၊ ဂလူကိုဆိုက်၊ ကတ်သတစ်အက်စစ်၊ အန်သရိုကွီနုန်း၊ ကမ်ဖီရောစတဲ့ ပစ္စည်းတွေပါဝင်တာကြောင့် ဆေးဖက်ဝင်တဲ့အပင်ထွက်ပစ္စည်းအနေနဲ့ စားသုံးကြတာဖြစ်ပါတယ်။ ဒီနေ့ဟာလည်း တန်ဆောင်မုန်းလပြည့်နေ့ ဖြစ်တာကြောင့် အိမ်တိုင်းအိမ်တိုင်း မယ်ဇလီဖူးသုပ်စားဖို့ ပြင်ဆင်နေကြမယ်လို့ ထင်ပါတယ်။ တစ်ဇွန်းပြီး တစ်ဇွန်း လက်ကမချချင်လောက်အောင် အရသာရှိပြီး ရေနွေးကြမ်းပူပူလေးနဲ့ဆို ငယ်ငယ်က မိသားစုနဲ့အတူ လကြည့်ရင်း ဝိုင်းဖွဲ့စားသောက်ခဲ့ကြတဲ့ ပျော်စရာကောင်းတဲ့ အတိတ်ကအချိန်တွေကိုပါ ပြန်လည်ခံစားသတိရသွားအောင် ပြုလုပ်ပေးနိုင်တဲ့ မယ်ဇလီဖူးက ကျန်းမာရေးရှုထောင့်က ကြည့်မယ်ဆိုရင်လည်း အင်မတန် ဆေးဖက်ဝင်ပါသေးတယ်။

၁ ) မယ်ဇလီဖူးသုပ်က အစာအိမ် အူလမ်းကြောင်းကို ကျန်းမာစေပါတယ်

မယ်ဇလီဟာ FDA ကအသိအမှတ်ပြုထားတဲ့ဆေးညွှန်းမလိုတဲ့ ဝမ်းနုတ်ဆေးတစ်မျိုးဖြစ်ပါတယ်။ ဝမ်းချုပ်တာကို သက်သာစေဖို့အတွက် နဲ့ စအိုကနေပိုက်ထည့်ပြီးမှန်ပြောင်းဖြင့်ကြည့်နည်း (colonoscopy) မလုပ်ဆောင်ခင်အူမကြီးအတွင်းသန့်ရှင်းစေဖို့အတွက်အသုံးပြုပါတယ်။မယ်ဇလီကို နာတာရှည်အူလမ်းကြောင်းဆိုင်ရာ ပြဿနာစု ၊ လိပ်ခေါင်းရောဂါနဲ့ ကိုယ်အလေးချိန်ကျဆင်းစေဖို့အတွက်လည်း အသုံးပြုပါတယ်။

၂ ) ဝမ်းမှန်မှန်သွားစေပါတယ်

မဲဇလီဖူးဟာ အူတွေကို သန့်စင်စေပြီး အူမကြီးရဲ့ လှုပ်ရှားမှုကို ကောင်းမွန်စေတာကြောင့် ဝမ်းပျော့ပျော့သွားစေတဲ့ အာနိသင်ရှိပါတယ်။ ဒါ့အပြင် အူလမ်းကြောင်းရှိ တုတ်ကောင်တွေကို ဖယ် ရှားပေးတဲ့ အစွမ်းလည်း ရှိပါတယ်။

၃ ) ကိုယ်အလေးချိန်ကျစေတဲ့ မယ်ဇလီရွက်ရေနွေးကြမ်း

မယ်ဇလီရွက်ရဲ့ ဝမ်းပျော့ပျော့သွားစေနိုင်တဲ့အစွမ်းက ကိုယအလေးချိန်လျော့ကျအောင်လည်း အထောက်အပံ့ဖြစ်စေပါတယ်။ မယ်ဇလီရွက်က ဝမ်းမချုပ်အောင်ကာကွယ်ပေးနိုင်တာကြောင့် အမျှင်ဓါတ်ပါဝင်မှုနည်းတဲ့ ကိုယ်အလေးချိန်လျော့ကျစေတဲ့ အစားအသောက်တစ်မျိုးဖြစ်ပါတယ်။ကယ်လိုရီပါဝင်မှုနည်းတဲ့ အရသာပြည့်စုံတဲ့သောက်စရာတစ်ခုဖြစ်တာကြောင့် ခန္ဓါကိုယ်ကို အရည်ဓါတ်ပိုရစေမှာဖြစ်ပါတယ်။ အရည်များများသောက်တာက အစားနည်းနည်းပဲစားဖြစ်စေပါတယ်။ မယ်ဇလီက အူမကြီးထဲက အဆိပ်အတောက်တွေ နဲ့ မကျေညက်တဲ့ အစာကို ဖယ်ရှားပေးပါတယ်။အစာအိမ် အူလမ်းကြောင်းကိုရှင်းလင်းပြီး အဆိပ်အတောက်ဖယ်ရှားတဲ့နည်းလမ်းက လိုအပ်သင့်တော်တဲ့ အာဟာရဓါတ်တွေကို စုပ်ယူနိုင်အောင် အထောက်အပံ့ပေးပါတယ်။ ဇီဝတွင်းဖြစ်ပျက်ပြောင်းလဲမှုကို တိုးတက်ကောင်းမွန်စေပြီး ကိုယ်အလေးချိန်ကိုကျဆင်းစေပါတယ်။

၄ ) ပျို့ချင် အန်ချင်တာကို သက်သာစေပါတယ်

မဲဇလီဖူးကို အနည်းငယ်စားပေးရင် ပျို့ချင်အန်ချင်ဖြစ်တာကို သက်သာစေပါတယ်။ ကိုယ်ခံစွမ်းအားစနစ်ကို ကောင်းမွန်စေပါတယ်။ မဲဇလီဖူးကို စားတာကြောင့် သရက်ရွက်ထဲမှာ ဆဲလ်အသစ်များများဖြစ်အောင် လှုံ့ဆော်ပေးနိုင်တဲ့အတွက် ဆေးဖက်ဝင်အစွမ်း ရှိတာပါ။ ရောဂါကို တွန်းလှန်နိုင်တဲ့ အစွမ်းရှိတာကို အသေးစိတ် လေ့လာမှုတွေဆက်လက်ပြုလုပ်နေကြ ပြီး ကာကွယ်ဆေးအဖြစ် တွဲဖက်သုံးဖို့ဖြစ်နိုင်ခြေ ရှိ၊ မရှိ စဉ်းစားနေကြပါတယ်။ ဓာတ်တိုး ဆန့်ကျင်နိုင်တဲ့ အင်တီအောက် ဆီးဒင့် ဂုဏ်သတ္တိ ရှိပါတယ်မဲဇလီဖူးမှာ အစွမ်းထက် အင်တီ အောက်ဆီးဒင့် ပါဝင်ပါတယ်။ ပိုလီဖီနော ဓာတ်ပါဝင်မှုများပါတယ်။ ဒါကြောင့် ဖရီး ရယ်ဒီကယ်ကြောင့် ဆဲလ်ထိခိုက်မှု မဖြစ်အောင် ကာကွယ်ပေးနိုင် သလို အသည်း မှာ ထိခိုက်မှု မဖြစ်အောင်လည်း ကာ ကွယ်ပေးနိုင်ပါတယ်။ ဒါပေမဲ့ လူတွေ မှာ ဘယ်လောက်အထိ အသုံးဝင် ထိရောက် မှု ရှိသလဲဆိုတာကို နောက်ထပ် လေ့လာ မှုတွေ ထပ်လုပ်ဖို့ လိုအပ်နေပါသေးတယ်။

၅ ) ဆံပင်တွေကို သန်စွမ်းစေတယ်

ဆံပင်တွေကိုချောမွေ့တောက်ပြောင်သန်စွမ်းစေဖို့အတွက် မယ်ဇလီရွက်ကို အသုံးပြုနိုင်ပါတယ်။ မယ်ဇလီအရွက်ခြောက်မှုန့်ကိုရေ၊ဒိန်ချဉ်တို့နဲ့ ဆတူရောစပ်ပြီး ဆံပင်ပေါင်းတင်ဆေးအဖြစ်အသုံးပြုနိုင်ပါတယ်။ သံပုရာရည်၊လက်ဖက်ဆီနဲ့အခြားဆေးဖက်ဝင်ပစ္စည်းတွေနဲ့လည်းရောစပ်အသုံးပြုနိုင်ပါတယ်။ရောစပ်ထားတဲ့အနှစ်ကို ဆံပင်ပေါ်မှာလိမ်းပြီး ပလပ်စတစ်ခေါင်းစွပ်နဲ့ ခဏစွပ်ထားပြီးခြောက်သွေ့အောင်ထားပေးပါ။ နာရီအနည်းငယ်ကြာထားပြီးတဲ့နောက်ရေဆေးချလိုက်ပါ။

၆ )ပိုးမွှားတွေကို တွန်းလှန် ပေးပါတယ်

လေ့လာမှုတွေ အရ မဲဇလီဖူးမှာ ပိုးတွေကို တွန်းလှန်ပေးနိုင်တဲ့ အစွမ်း ရှိကြောင်း ဆိုပါတယ်။ ဒါပေမဲ့ ဖန်းဂပ်စ်မှိုတွေကိုတော့ တွန်းလှန်နိုင်တယ်လို့ မပြသထားပါဘူး။ အူမကြီးကင်ဆာ ဖြစ်နိုင်ခြေကို လျော့ကျ စေပါတယ်။ မဲဇလီဖူးဟာ ဖရီးရယ်ဒီကယ် တွေကြောင့် ဆဲလ်ထိခိုက်မှု မဖြစ်အောင် ကာကွယ်ပေးတဲ့ဆေးဖက်ဝင် အပင်တစ် မျိုး ဖြစ်တဲ့အတွက် အူမကြီးကင်ဆာနဲ့ အစာဟောင်း အိမ်ကင်ဆာ ဖြစ်နိုင်ခြေကို လျော့ကျ စေနိုင်ပါတယ်။

မြန်မာ့ရိုးရာဆေးကျမ်းလာ အနာလည်းကင်း၊ ဆေးဖက်လည်းဝင်သည့် မယ်ဇလီဖူးသုပ်ကို ဆန်ရေစပါးအထွက်တိုးမည့် နိမိတ်ကိုဆောင်သည့် တန်ဆောင်မုန်းလပြည့်နေ့မှာ မြိန်ရေရှက်ရေ စားသုံးပေးခြင်းဖြင့် ရောဂါဘယများ ကင်းကွာပြီး ရန်သူမျိုးငါးပါးရန်မှ ကင်းဝေးကြပါစေလို့ ဆုတောင်းမေတ္တာပို့သအပ်ပါတယ်။