Blog Detail Pic

စိတ်ဖိစီးမှုတွေကို အမြန်ဆုံးလျှော့ချနိုင်မယ့် နည်းလမ်း ၁၀ မျိုး

by | 24 Jan 2022

တစ်နေ့တစ်နေ့ အလုပ်တွေနဲ့လုံးပန်းရင်း မခေါ်ဘဲရောက်လာတဲ့ ဧည့်သည်ကိုလည်းမောင်းထုတ်ရခက်နေတတ်တယ်နော်။ ဒါကတော့ ကိုယ်က မတောင့်တတောင် ကိုယ့်ဆီရောက်လာတတ်တဲ့ စိတ်ဖိစီးမှုလေ။ စိတ်ဖိစီးမှုက သိမ်းထားလို့ကောင်းတဲ့အရာမဟုတ်ပါဘူး။ ကြာကြာသိမ်းလေ ကိုယ့်မှာထိခိုက်ရတာတွေ များလာလေလေပါပဲ။ သောကများရင် ရောဂါပွါးတာပဲ အဖက်တင်ပါလိမ့်မယ်။

စိတ်ဖိစီးမှုဆိုတာက ခန္ဓာကိုယ်မှာပြောင်းလဲမှုတွေဖြစ်လာတဲ့အခါဖြစ်ပေါ်တတ်တဲ့ သာမန်တုံ့ပြန်မှုတစ်ခုပေါ့။ ဒီပြောင်းလဲမှုကို ခန္ဓာကိုယ်က ရုပ်ပိုင်းဆိုင်ရာ အရသော်လည်းကောင်း၊ စိတ်ပိုင်းဆိုင်ရာအရသော်လည်းကောင်းတုံ့ပြန်တတ်ပါတယ်။ စိတ်ဖိစီးမှုက စိတ်ပိုင်းဆိုင်ရာ တုံ့ပြန်မှုနဲ့ ရုပ်ပိုင်းဆိုင်ရာ တုံ့ပြန်မှုကို အပြောင်းအလဲတွေဖြစ်စေနိုင်ပါတယ်။ စိတ်ဖိစီးမှုဆိုတာမျိုးကနေ့စဉ်ဘဝရဲ့ အစိတ်အပိုင်းတစ်ခုလိုတောင်ဖြစ်နေတတ်ပါသေးတယ်။နေ့စဉ်ထိတွေ့ဆက်ဆံနေတဲ့ ပတ်ဝန်းကျင်ကြောင့်၊ ကိုယ်ရဲ့အတွေးတွေနဲ့ ကိုယ့်ရဲ့ အပြုအမူတွေကြောင့် စိတ်ဖိစီးမှုဝင်နိုင်ပါတယ်။

တကယ်တော့ စိတ်ဖိစီးမှုဆိုတာက ကိုယ်ကကြာကြာမွေးထားလို့ရှိနေတာပါ။ ဒါကြောင့် စိတ်ဖိစီးမှုကြောင့် ကိုယ်ရော စိတ်ပါ မထိခိုက်စေဖို့ ဒီနည်းလေးတွေသုံးပြီး စိတ်ဖိစီးမှုနဲ့ ခပ်ကင်းကင်းနေလိုက်ပါ။

(၁) ရေးချပါ

သင်လုပ်စရာရှိတဲ့ အလုပ်တွေကို မေ့သွားမှာစိုးတဲ့ စိတ်ဖိစီးမှူမဖြစ်ရအောင် သင်လုပ်ဖို့ရှိနေတဲ့အလုပ်တွေကို စာရွက်ပေါ် မှာ.. ဒါမှမဟုတ် ဖုန်းမှတ်စုထဲမှာ ချက်ချင်းရေးချပါ။

(၂) ဦးစားပေးစာရင်းငါးခုလုပ်ပါ

သင့်ရဲ့ဦးစားပေးစာရင်းထဲမှာ သင်လုပ်ဖို့ ကိစ္စအကုန်ပါဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။ ဒါကြောင့် ထိပ်ဆုံးထားလုပ်သင့်တဲ့ ဦးစား ပေးစာရင်း ငါးခုသတ်မှတ်ထားလိုက်ပါ။

(၃) အလုပ်တွေအများကြီးကို တပြိုင်နက်တည်းလုပ်တာထက်စာရင် တစ်ဆင့်ပြီးမှတစ်ဆင့်လုပ်ပါ

သုတေသနပြုချက်တွေအရ အလုပ်တွေအများကြီးကို တပြိုင်နက်တည်းလုပ်တဲ့လူတွေမှာ… အလုပ်တစ်ခုပြီးမှ တစ်ခုလုပ်တဲ့ လူတွေနဲ့ယှဉ်ရင် မှတ်ဉာဏ်စွမ်းအားကျဆင်းလာတတ်ပြီး ဦးနှောက်ရဲ့ သိပ်သည်းမှူကိုလည်း နည်းပါသတဲ့။ ဒါကြောင့် ခုချိန် ကစလို့ သင့်ကိုယ်သင် စက်ရုပ်လိုထင်နေတာတွေကို လျှော့ချပြီး တစ်ခုပြီးမှတစ်ခုလုပ်တဲ့ အကျင့်ကိုမွေးယူပါ။

(၄) တကယ်လို့ အလုပ်တွေမပြီးရင်ရော ဘာဖြစ်သေးလဲဆိုတဲ့အတွေးကိုစမ်းတွေးကြည့်ပါ

သင်လုပ်စရာရှိတဲ့ ဒီနေ့အတွက် to do list ထဲကအလုပ်တွေကို သင်မပြီးရင်ရော ဘာဖြစ်သွားမလဲတွေးကြည့်ပါ။ ကမ္ဘာကြီး ရပ်တန့်သွားမှာတော့ မဟုတ်ဘူးမလား။ ဒါကြောင့် သင်အရမ်းစိတ်ဖိစီးတဲ့အခါ အသက်ကိုရှူသွင်းရှူထုတ်လုပ်ရင်း ဒါဟာ သင် ထင်ထားသလောက်ဆိုးမှာ မဟုတ်တဲ့အကြောင်းတွေးကြည့်ပါ။

(၅) TV ကြည့်ပြီး ခဏအနားယူပါ

သင်သိပ်စိတ်ဖိစီးနေရင် သင်ကြိုက်တဲ့ reality show ဒါမှမဟုတ် ပျော်ရွှင်စရာကောင်းတဲ့ဇာတ်လမ်း ဒါမှမဟုတ် သင်သဘော ကျတဲ့ မင်းသားမင်းသမီးပါတဲ့ TV အစီအစဉ်တစ်ခုကို မိနစ်နှစ်ဆယ်လောက်ဖြစ်ဖြစ် ကြည့်လိုက်ပါ။ ပျော်ရွှင်စေတဲ့ hormone တွေက သင့်စိတ်ဖိစီးမှူကို အနည်းနဲ့အများ လျှော့ချပေးနိုင်မှာပါ။

(၆) တရားထိုင်ပါ

တစ်နေ့ကို မိနစ်နှစ်ဆယ်လောက် တရားထိုင်တာဟာ သင့်ဦးနှောက်ကို ကျဆင်းနေတဲ့ charging တွေ ပြန်ဖြည့်ပေးနိုင်ပြီး စိတ်ဖိစီးမှူကို ပြောင်းပြန်ဖြစ်နိုင်တဲ့ အစွမ်းရှိပါတယ်။ ဒါကြောင့် သင်မနက် အိပ်ရာမထမီနဲ့ အိပ်ရာဝင်ခါနီး ဆယ်မိနစ်ကိုတရား ထိုင်ဖို့အတွက် အချိန်ပေးသင့်ပါတယ်။ တကယ်တရားထိုင်တဲ့ ပုံစံမဟုတ်လည်း မျက်လုံးမှိတ်လို့ ဝင်လေထွက်လေကိုမှတ် ရုံနဲ့ သင့်စိတ်ဖိစီးမှူတွေကို မောင်းထုတ်ပေးနိုင်မှာပါ။

(၇) လတ်ဆတိတဲ့လေကိုရှူပါ

လတ်ဆတ်တဲ့လေအလုံအလောက်ရဖို့ဟာ သင့်ခန္ဓါကိုယ်အစိတ်အပိုင်းတွေအားလုံးအတွက်တင် အရေးပါတာမဟုတ်ဘဲ စိတ်ဖိစီးမှူကိုပါ လျှော့ချပေးမှာပါ။ ပြင်ပကရတဲ့ အနံ့တွေ.. ဥပမာ ထင်းရှူးနံ့ လိုမျိုးဟာ သင့်ခန္ဓါကိုယ်နဲ့ စိတ်ကို ပြေလျော့ စေမှာပါ။

(၈) လိမ္မော်ရည်သောက်ပါ၊ လိမ္မော်သီးစားပါ

ဝါဖန့်ဖန့်လိမ္မော်သီးတွေမှာ ဗီတာမင် စီ ပမာဏ အများအပြားပါဝင်တာကြောင့် coffee သောက်တာလိုမျိုး စိတ်ဖိစီးမ့ူကို ဖြစ်စေတဲ့ cortisol လို ဟော်မုန်းမထွက်စေပါဘူးတဲ့။ ဒါကြောင့် သင့်စိတ်ဖိစီးမှူကို ခုနစ်ဆယ်ရာခိုင်နှူန်းလောက်ကို လျှော့ချ ပေးနိုင်ပါတယ်။

(၉) သီချင်းနားထောင်ပါ

ဆယ်မိနစ်လောက်သီချင်းနားထောင်တာဟာ သင့်စိတ်ဖိစီးမှူကို တကယ်လျော့ကျစေမှာပါ။ ဒါကြောင့် ကြည့်နေတဲ့ သတင်း အစီအစဉ်တွေကို ပိတ်လိုက်ပါ။ ပြီးရင်တော့ ငြိမ့်ညောင်းတဲ့ သံစဉ်တွေကို နားထောင်လိုက်ပါ။

(၁၀) ရေများများသောက်ပါ

စိတ်ဖိစီးမှူက ရေဓါတါခမ်းခြောက်စေပြီး ရေဓါတ်ခမ်းခြောက်တာကြောင့်လည်း စိဖိစီးမှူဖြစ်နိုင်ပါတယ်။ ဒါကြောင့် စိတ်ဖိစီးမှူ လျော့ကျချင်ရင် သင့်တစ်နေ့တာမှာ ရေကိုမကြာခဏသောက်ပေးဖို့ လိုပါလိမ့်မယ်။