Blog Detail Pic

သားသားလား မီးမီးလိုချင်တာလား ရွေးချယ်လို့ ရနိုင်ပါတယ်

by | 27 Jan 2022

ယဉ်ကျေးမှုဆိုင်ရာ အကြောင်းရင်း၊ သားယောက်ျားလေး၊ မိန်းကလေးကို ကြီးပြင်းအောင် စောင့်ရှောက်တဲ့ စိတ်ကူးယဉ်ခြင်းတွေ အစရှိတဲ့ အကြောင်းရင်းတွေကြောင့် ကလေးရဲ့ လိင်ကို ရွေးချယ်တတ်ကြပါတယ်။

စုံတွဲတိုင်းမှာ သဘာဝအတိုင်း ယောက်ျားလေး၊ မိန်းကလေး ရရှိဖို့ ဖြစ်နိုင်ချေ ၅၀/၅၀ ရှိပါတယ်။

မိဘတွေကတော့ သားသားလေးဖြစ်ဖြစ် မီးမီးလေးဖြစ်ဖြစ် ကိုယ့်သားသမီးကို ချစ်မှာဆိုပေမဲ့ ရွေးချယ်လို့ရရင် ရွေးချယ်ချင်သေးတယ်ဆိုသူတွေအတွက် အောက်ပါနည်းလမ်းတွေကတော့ သင်လိုချင်တဲ့ ကလေးကို ရရှိဖို့ ကူညီပေးနိုင်တဲ့ နည်းလမ်းတွေပဲ ဖြစ်ပါတယ်။

သဘာဝနည်းလမ်းများ

Shettles နည်းလမ်းဟာ ကလေးရဲ့ လိင်ကို ရွေးချယ်မှုအတွက် လူသိအများဆုံး သဘာဝနည်းလမ်း တစ်ခု ဖြစ်ပါတယ်။

ယောက်ျားလေး လိုချင်လျှင်

• သားဥကြွေခြင်းနဲ့ တတ်နိုင်သမျှ နီးကပ်အောင် လိင်ဆက်ဆံပါ။ သဘောတရားကတော့ Y ခရိုမိုဆုန်းပါတဲ့ သုက်ပိုးဟာ X ခရိုမိုဆုန်းပါတဲ့ သုက်ပိုးထက် ပိုမြန်တာကြောင့် သားဥအိမ်ဆီကို မြန်မြန်ရောက်နိုင်တာကြောင့် ဖြစ်ပါတယ်။

• နက်နဲတဲ့ ထိုးသွင်းမှုပါတဲ့ လိင်ဆက်ဆံမှုပြုပါ။ နီးကပ်တဲ့ အကွာအဝေးဟာ Y ခရိုမိုဆုန်း သုက်ပိုးအတွက် ပိုအကျိုးရှိပါတယ်။

• အမျိုးသားတွေနဲ့ တစ်ချိန်တည်း (သို့) စောပြီး လိင်စိတ်အထွတ်အထိပ် ရောက်တဲ့ အမျိုးသမီးတွေဟာ မိန်းမကိုယ်အတွင်းမှာ အယ်လ်ကာလီအရည်တွေ ပိုထွက်ပြီး Y ခရိုမိုဆုန်းသုက်ပိုးအတွက် ပိုအကျိုးရှိပါတယ်။

သားလေး လိုချင်ရင် ဘယ်လို စားသောက်နေထိုင်ရလဲ?

Male sperms တွေက မိန်းမကိုယ်တွင်း pHကို အက်ဆစ်ပြင်းပြင်းအစား alkaline pH ( အယ်ကာလီ pH) ကို ပိုကြိုက်တာကြောင့် အက်ဆစ်ဓာတ်နည်းစေမယ့် အစားအသောက်တွေစားပေးဖို့လိုပါတယ်။


• အယ်ကာလီဓာတ်ကြွယ်ဝတဲ့ အစားအစာတွေကိုစားပါ – ချယ်ရီသီး၊ သံပယိုသီး၊ ထောပတ်သီး၊ ပျားသလပ်၊ ဗန်ဒါစေ့၊ မုန်လာဥနီ၊ လိမ္မော်ရည်၊ မုန်လာဥဖြူ၊ ပဲပင်ပေါက်၊ ခရမ်းချဉ်သီးတို့ကို စားပေးလို့ရပါတယ်။


• မနက်စာကို တစ်ဝကြီးစားပါ – ကယ်လိုရီအများကြီးပါတဲ့ မနက်စာတစ်ခွက်ဟာ အားအင်ပြည့်ဝစေလို့ သားယောက်ျားလေးရဖို့ အခွင့်အလမ်းကပိုများစေတယ်လို့ ဆိုပါတယ်။


• ဆိုဒီယမ်နဲ့ ပိုတက်ဆီယမ်များတဲ့ အစားအစာတွေစားပါ။ – အပေါ်မှာ ပြောခဲ့သလို မျိုးဥကြွေချိန်နဲ့ ချိန်ကိုက်ပြီး လိင်ဆက်ဆံမယ်၊ ဆိုဒီယမ်ပိုတက်ဆီယမ်များတဲ့ အစားအသောက်တွေစားမယ်၊ ကယ်လ်ဆီယမ်နဲ့ မဂ္ဂနီဆီယမ်ဓာတ်များတဲ့ အစားအစာတွေကို လျှော့စားမယ်ဆိုရင် သားလေးရနိုင်ချေပိုများပါတယ်။


• ပိုတက်ဆီယမ်များတဲ့အစားအစာဆိုတော့ ငှက်ပျောသီးများများစားရမှာပေါ့။ ဆိုဒီယမ်များတဲ့ အစားအစာဆိုတာ ငန်တဲ့အစားအသောက်တွေပါ။ ကယ်လ်ဆီမယ် မဂ္ဂနီဆီယမ်များတဲ့ အစားအသောက်တွေဆိုတာ နို့နဲ့နို့ထွက်ပစ္စည်းတွေနဲ့ သူတို့ပါတဲ့ ဖြည့်စွက်အားဆေးတွေပါ။

မိန်းကလေး လိုချင်လျှင်ရော?


• သားဥမကြွေခင် ၂-၃ရက် စောပြီး လိင်ဆက်ဆံခြင်း၊ သားဥမကြွေခင်အချိန်လေးကနေပြီး သားဥကြွေအပြီး ၂ ရက်အထိ လိင်ဆက်ဆံမှုကို ရှောင်ကြဉ်ခြင်း

• တိမ်သော ထိုးသွင်းမှု လုပ်ခြင်း

• အမျိုးသမီးတွေဟာ လိင်စိတ်အထွတ်အထိပ် မရောက်ခြင်း

• ဒါပေမယ့် ကျွမ်းကျင်ပညာရှင် အတော်များများက သဘာဝအတိုင်း လိင်ရွေးချယ်တဲ့ နည်းလမ်းတွေ ဖြစ်တဲ့ Shettles နည်းလမ်းလိုမျိုးရဲ့ အစွမ်းထက်မှုကို မေးခွန်းထုတ်ကြပါတယ်။


မီးမီးလေး လိုချင်ရင် ဘယ်လို စားသောက်နေထိုင်ရလဲ?

မေမေဆို အက်ဆစ်ပြောင်းစေမယ့် အစားအစာတွေစားပါ။


အက်ဆစ်ဓါတ်များတဲ့ အစားအစာတွေစားသင့်တယ်ဆိုပေမယ့် များကြီးစားဖို့တော့ မလိုအပ်ပါဘူး။ အက်ဆစ်ဓါတ်များတဲ့ အစားအစာဆိုတိုင်း ချဉ်တဲ့အစားအစာတွေ အချဉ်ဖောက်ထားတဲ့ အစားအစာတွေကို ပြောတာမဟုတ်ပါဘူး။

ကိုယ်ထဲကို ရောက်သွားတာနဲ့ အက်ဆစ်ဓါတ်ဘက်ကို ရောက်သွားမယ့် အစးအစာတွေကို ပြောတာဖြစ်ပါတယ်။ ကိုယ်တွင်း အက်ဆစ်ဓါတ်အပြောင်းအလဲကိုဖြစ်စေမယ့် အစားအစာတွေကတော့

• နေ့စဉ်စားနေတဲ့ အသားငါး ၊နို့နဲ့နို့ထွက်ပစ္စည်းတွေ၊ ထမင်း၊ ဂျုံ၊ ပြောင်းဖူး၊ ကြက်ဥ အကာ၊ ချော့ကလက်နဲ့ အခြား ချဉ်တဲ့အသီးတွေဖြစ်တဲ့ ခရမ်းချဉ်သီး၊ လိမ္မော်သီး၊စတော်ဘယ်ရီ၊ စပျစ်သီးနဲ့ နာနတ်သီးတို့စားပေးလို့ရပါတယ်။

ဖေဖေကတော့ အယ်ကာလီများတာစားပါ။

အယ်ကာလီလဘက်ကို ရောက်တဲ့ အစားအစာတွေဖြစ်တဲ့ အသီးအရွက်တွေ၊ နို့တွေ၊ လက်ဖက်ရည်၊ ရေညှိ၊ ကယ်လ်ဆီယမ်၊ ဗီတာမင် D ကြွယ်ဝတဲ့ အစားအစာတွေစားပေးဖို့လိုပါတယ်။

နှစ်ဦးလုံး အသီးအရွက်များများစားပါ။ အစိမ်းရောင်အသီးအရွက်တွေမှာပါတဲ့ကယ်လ်ဆီယမ်နဲ့ မဂ္ဂနီဆီယမ်တို့ဟာ မီးမီးလေးရဖို့ အခွင့်အလမ်းကို ပိုများစေမှာပါ။

နည်းပညာအသစ်အဆန်းများ


Microsort technique ဟာ flow cytometer ဆိုတဲ့ လေဆာ ရောင်ခြည်၊ ဆိုးဆေး နဲ့ စက်တွေကို အသုံးပြုပြီး အမျိုးသားတွေရဲ့ သုက်ပိုးကို အမျိုးသမီးတွေဆီက ခွဲထုတ်ကြပါတယ်။ သုက်ပိုးကို ခွဲအပြီးမှာ ယူထားတဲ့အရည်ကို အမျိုးသမီးထဲကို ပြန်ထည့်လိုက်ပါတယ် (ဥပမာ ဖန်ပြွန်သန္ဓေသား)

၂၀၀၂ ခုနှစ်မှာတော့ မိန်းကလေးလိုချင်တဲ့ စုံတွဲတွေ ကြားမှာ ၉၁ ရာခိုင်နှုန်း အောင်မြင်မှု ရှိခဲ့ပြီး ယောက်ျားလေးလိုချင်တဲ့ စုံတွဲတွေ ကြားမှာတော့ ၇၃ ရာခိုင်နှုန်း အောင်မြင်မှု ရှိခဲ့ပါတယ်။


Microsoft အပြင် သန္ဓေသားမတွယ်ခင် မျိုးရိုးဗီဇစစ်ဆေးခြင်း နဲ့ အချင်းနမူနာစစ်ဆေးခြင်း ကိုလည်း ကလေးရဲ့ လိင်ရွေးချယ်ဖို့ အသုံးပြုနိုင်ပါတယ်။ ဒါပေမယ့် ဒီနည်းလမ်းနှစ်မျိုးလုံးကို အမေရိကန်မျိုးဆက်ပွားဆေးပညာအဖွဲ့အစည်းက မိသားစုအတွင်း ကလေးလိင်အရေအတွက် မျှစေဖို့ ရည်ရွယ်တဲ့ စုံတွဲတွေမှာ လိင်ရွေးချယ်ရန်အတွက် အကြံပေးခြင်း မပြုပါဘူး။

သေချာတာကတော့ ကလေးတစ်ယောက်ရဲ့ လိင်ဟာ လူတိုင်းအတွက် အရေးကြီးပေမယ့် သူတို့ရဲ့ ကျန်းမာရေးကို အဓိက ထားသင့်ပါတယ်။ ပိုမိုသိရှိလိုတယ်ဆိုရင် သင့်အတွက် သင့်ဆရာဝန်က အကောင်းဆုံးအကြံဉာဏ်တွေကို ပေးနိုင်မှာ ဖြစ်ပါတယ်။