Blog Detail Pic

Detox water သောက်ကြည့်ကြရအောင်

by | 31 Jan 2022

အသားအရည်က မွဲခြောက်ခြောက်ဖြစ်နေတယ်။ ဝက်ခြံတွေကလည်းနေ့တိုင်းကိုဖြစ်နေတယ်။ ကိုယ့်အသားအရေကိုကြည့်ပြီး စိတ်ညစ်လိုက်တာလို့ဖြစ်နေပြီလား။ အသားအရေညစ်တာ၊ ဝက်ခြံထွက်ရတာက တစ်ခါတလေမှာ အနေအထိုင်အစားအသောက်တွေကြောင့်ဖြစ်နိုင်သလို ကိုယ်တွင်းမှာ အဆိပ်အတောက်တွေ များနေတာကြောင့်လည်းဖြစ်နိုင်ပါတယ်။ ဒီတော့ ကြည်လင်ပြီး ဝက်ခြံကင်းတဲ့ အသားအရေလေးဖြစ်စေဖို့ Detox Waterသောက်ကြည့်ရအောင်လား။

Detox Water ဆိုတာ?

Detox Water ဆိုတာကရေထဲမှာ လတ်ဆတ်တဲ့ သစ်သီးတွေ၊ဟင်းသီးဟင်းရွက်တွေ နဲ့ဆေးဖက်ဝင်အပင်တွေကိုရောစပ်ထားတဲ့သောက်စရာတစ်မျိုးပါ။ Detox Water ကိုအိမ်မှာပဲ အလွယ်တကူလုပ်နိုင်ပြီး Detox Water လုပ်နည်းကလည်း အမျိုးမျိုးရှိပါတယ်။


Detox Water က သစ်သီးဖျော်ရည်တွေလောက် အရသာမရှိပေမယ့် ကယ်လ်လိုရီပါဝင်မှုကတော့တော်တော်လေးနည်းပါတယ်။ ကိုယ်အလေးချိန်ကျချင်သူတွေအနေနဲ့ Detox Water ကိုပုံမှန်သောက်သုံးပေးမယ်ဆိုရင် ခန္ဓာကိုယ်က အဆီပိုတွေကျသွားမှာသေချာပါပဲ။


Detox Water ဘယ်လိုလုပ်မလဲ?


Detox Water ကိုအိမ်မှာတင် အလွယ်တကူလုပ်လို့ရပါတယ်။ လိုအပ်မှာကတော့ ရေ၊ သစ်သီးတွေ၊ဟင်းသီးဟင်းရွက်တွေနဲ့ ဆေးဖက်ဝင်အပင်တွေပါ။ အရင်ဆုံးလုပ်ရမှာက ကိုယ်ထည့်ချင်တဲ့ သစ်သီးတွေ၊ ဟင်းသီးဟင်းရွက်ကို အရင်ဆုံး ခပ်ပါးပါးလေးလှီးဖို့ပါ။

ပြီးရင်တော့ Detox water စပ်မယ့်ဗူးထဲကို ထည့်ရပါမယ်။ အပေါ်ကနေ ရေခဲတုံးလေးနည်းနည်းထည့်ပြီး ရေတစ်ဘူးပြည့်အောင်ထည့်လိုက်ပါ။ အရသာကတော့ ကိုယ်အသုံးပြုမယ့် ပါဝင်ပစ္စည်းတွေအပေါ်မှာပဲ မူတည်ပါတယ်။


အသောက်များတဲ့ Detox Water အမျိုးအစားတွေကတော့ –

• သခွားသီးနဲ့ပူစီနံ
• သံပရိုသီးနဲ့ချင်း
• ဘလက်ဘယ်ရီနဲ့လိမ္မော်သီး
• ဖရဲသီးနဲ့ပူစီနံ
• လိမ္မော်သီးနဲ့သံပရိုသီး
• သံပရာသီးနဲ့သံပရိုသီး
• စတော်ဘယ်ရီနဲ့ ပင်စိမ်း
• ပန်းသီးနဲ့သစ်ကြံပိုးခေါက် တို့ကိုရောစပ်ထားတဲ့ Detox Waterတွေပဲဖြစ်ပါတယ်။

Detox Waterတွေက ခန္ဓာကိုယ်အတွက် ဒီလိုအကျိုးပြုပါတယ်


၁။ စွမ်းအင်တိုးစေနိုင်တယ်

Detox Water ကလတ်ဆတ်တဲ့သစ်သီးတွေ၊ဟင်းသီးဟင်းရွက်တွေကို စိမ်ပြီးသောက်ရတာဖြစ်တာကြောင့် ခန္ဓာကိုယ်အတွက် မရှိမဖြစ်လိုအပ်တဲ့ သတ္တုဓာတ်တွေ၊ ဗီတာမင်တွေ နဲ့ အခြားအာဟာရဓာတ်တွေကိုရရှိစေနိုင်ပါတယ်။ အန္တရာယ်ဖြစ်စေနိုင်တဲ့ အရာတွေမပါဝင်တာကြောင့် ကိုယ်အလေးချိန်ကို မတက်စေဘဲနေ့စဉ်လှုပ်ရှားမှုအတွက် လိုအပ်တဲ့ စွမ်းအင်တွေကိုရရှိစေမှာဖြစ်ပါတယ်။


၂။ ကိုယ်တွင်းက အဆိပ်အတောက်တွေကိုဖယ်ရှားပေးတယ်

Detox Water က ကိုယ်တွင်းအင်္ဂါထဲမှာ ခိုအောင်းနေတဲ့ အဆိပ်အတောက်တွေကို ဖယ်ရှားပေးပြီး ခန္ဓာကိုယ်ရဲ့ လုပ်ငန်းဆောင်တာတွေကိုကောင်းကောင်းမွန်မွန်လုပ်ဆောင်နိုင်အောင် လှုံ့ဆော်ပေးပါတယ်။ အူမကြီး နဲ့ကျောက်ကပ်တို့ကို သန့်စင်စေနိုင်ပါတယ်။


၃။ ကိုယ်အလေးချိန်ကျစေနိုင်ပါတယ်

လှုပ်ရှားမှုနည်းလာတဲ့ ဘဝနေထိုင်မှုပုံစံ နဲ့ အမြန်စား၊ အသင့်စား အစားအသောက်တွေကို နှစ်နှစ်ခြိုက်ခြိုက်စားသုံးလာမှုတွေကြောင့် အဝလွန်တာတွေ များလာကြပါတယ်။ ကိုယ်အလေးချိန်ကျချင်ပေမယ့် လေ့ကျင့်ခန်းလုပ်ဖို့အချိန်မရှိတဲ့သူတွေအတွက် သတင်းကောင်းတစ်ခု ကတော့ Detox Waterသောက်တာပါပဲ။

Detox Water ကခန္ဓာကိုယ်တွင်းက မလိုအပ်တဲ့အဆီတွေနဲ့ အဆိပ်အတောက်တွေကို ဖယ်ရှားပေးပါတယ်။ ရေရှည်သောက်သုံးဖို့တော့လိုပါမယ်။ အစားအသောက်အနေအထိုင်ကို ဆင်ခြင်ဖို့ကိုလည်းမေ့ထားလို့မဖြစ်ပါဘူး။


၄။ ကိုယ်ခံအားစနစ်ကို ကောင်းမွန်စေနိုင်တယ်

ခန္ဓာကိုယ်ရဲ့ ပုံမှန်လုပ်ဆောင်မှုတွေကောင်းကောင်းလုပ်ဆောင်နိုင်မှ ကိုယ်ခံအားစနစ်လည်း ကောင်းမွန်မယ်ဆိုတာကို သိထားပြီးဖြစ်ကြမှာပါ။ ကိုယ်ခံအားစနစ်ကောင်းမွန်အောင် လုပ်ဆောင်တယ်ဆိုတဲ့နေရာမှာ ဗိုင်းရပ်စ်တွေ၊ ဘက်တီးရီးယားတွေကြောင့် ကျန်းမာရေးထိခိုက်တာမျိုးမဖြစ်အောင် ကာကွယ်ဖို့ကလည်း အရေးကြီးပါတယ်။

ဒီပြဿနာတွေကိုပြေလည်အောင် Detox Water ကလုပ်ပေးနိုင်တယ်ဆိုရင် ယုံမလား။ ဘာကြောင့်ဒီလိုပြောရတာလဲဆိုတော့ Detox Water က ကိုယ်တွင်းအင်္ဂါအစိတ်အပိုင်းတွေကို free radicalတွေ၊ ဗိုင်းရပ်စ်တွေ၊ဘက်တီးရီးယားတွေနဲ့ အဆိပ်အတောက်ဖြစ်စေတဲ့အရာတွေကြောင့် ထိခိုက်တာမျိုးတွေမဖြစ်အောင်ကာကွယ်ပေးတဲ့အတွက် ဖျားနာတွေမဖြစ်အောင် ကာကွယ်ပြီးသားဖြစ်သွားပါတယ်။


၅။ အသားအရေကို ကျန်းမာစေနိုင်ပါတယ်

Detox Water ကခန္ဓာကိုယ်ကို ရေဓာတ်ဖြည့်ပေးနိုင်သလို အသားအရေ ကျန်းမာကောင်းမွန်ဖို့ လိုအပ်တဲ့ ဗီတာမင် C ကိုလည်းဖြည့်တင်းပေးပါတယ်။ ဗီတာမင် C ကကော်လာဂျင်ထုတ်လုပ်မှုကိုတိုးစေပြီး အသားအရေမှာ အရေးအကြောင်းတွေမဖြစ်အောင် ကာကွယ်ပေးပါတယ်။ အသားအရေကို နုပျိုကျန်းမာစေနိုင်စွမ်းရှိပါတယ်။


၆။ အစာခြေစနစ်ကိုကောင်းမွန်စေနိုင်တယ်

သံပရိုသီးနဲ့ လုပ်ထားတဲ့ Detox Water က အစာတွေကို ကြေညက်စေပြီး အစာခြေစနစ်ကိုကောင်းမွန်စေနိုင်ပါတယ်။လေပွတာ၊ အစာမကြေတာနဲ့ ရင်ပူတာတွေအတွက်လည်း သံပရိုသီးနဲ့လုပ်ထားတဲ့ Detox Water ကိုသုံးဆောင်ပေးလို့ရပါတယ်။


၇။ အနာကျက် မြန်စေနိုင်ပါတယ်

Detox Water မှာ အရွယ်တင်စေနိုင်တဲ့ အာနိသင်ရှိသလို ဓာတ်တိုးဆန့်ကျင်အာနိသင်တွေလည်း ပါဝင်ပါတယ်။ ဒီလိုအာနိသင်တွေပါဝင် တာကြောင့် အရေပြားဆဲလ်အသစ်တွေဖြစ်ပေါ်မှုကို တိုးတက်စေနိုင်ပါတယ်။

သံပရိုသီး၊ လိမ္မော်သီး၊ စပျစ်သီးတို့နဲ့ လုပ်ထားတဲ့ Detox Water ကကော်လာဂျင်ထုတ်လုပ်မှုကို တိုးတက်စေပြီး အသားအရေတွေကို တင်းရင်းစေတဲ့အပြင်နေလောင်ဒဏ်ကြောင့်အရေပြားပျက်စီးတာကိုလည်း ကာကွယ်ပေးပါတယ်။ ထိခိုက်ဒဏ်ရာရတဲ့ဒဏ်ရာတွေကိုလည်း အနာကျက်မြန်စေနိုင်ပါတယ်။


၈။ ဆီးလမ်းကြောင်း သန့်စင်စေနိုင်ပါတယ်

Detox Water က ဆီးရွှင်စေနိုင်တဲ့ သဘာဝသောက်စရာတစ်ခုပါ။ Detox Waterသောက်ပေးမယ်ဆိုရင် ဆီးမကြာခဏ သွားစေနိုင်တာကြောင့် ဆီးလမ်းကြောင်းကိုသန့်စင်စေနိုင်ပါတယ်။ ဆီးသွားတာနဲ့အတူ ခန္ဓာကိုယ်တွင်းက အဆိပ်အတောက်ဖြစ်စေတဲ့အရာတွေကို ဆီးကနေ တဆင့်စွန့်ထုတ်လိုက်ပါတယ်။ ဒီလိုလုပ်ပေးခြင်းဖြင့် ဆီးလမ်းကြောင်းမှာ ပိုးဝင်တာနဲ့ အခြားရောဂါတွေဖြစ်နိုင်ခြေကိုလျှော့ချပေးပါတယ်။


၉။ အသည်းကိုသန့်စင်စေတယ်


ခန္ဓာကိုယ် အတွင်းပိုင်းအင်္ဂါတွေသန့်စင်စေဖို့ အဓိကတာဝန်ယူထားတာက အသည်းပါ။ ဒါကြောင့် အသည်းက ခန္ဓာကိုယ် ကျန်းမာဖို့အတွက် အရေးပါတဲ့အခန်းကဏ္ဍကနေပါဝင်နေပါတယ်။ နေ့စဉ်နေထိုင်မှုဘဝပုံစံက ကျန်းမာရေးနဲ့ မညီညွတ်တဲ့အခါ ကိုယ်တွင်းက အဆိပ်အတောက်တွေကို ဖယ်ရှားဖို့ အသည်းက ပိုအလုပ်လုပ်ရပါတယ်။

Detox Waterသောက်ပေးမယ်ဆိုရင် သည်းခြေရည်ထုတ်လုပ်မှုကိုတိုးစေနိုင်ပြီး အစာကြေချက်မှုကောင်းအောင်လုပ်ဆောင်ပေးပါတယ်။ ဒါတင်မကသေးပါဘူး၊ Detox water က အစာခြေရည်အလွန်အကျွံထွက်တာကြောင့် အစာအိမ်ထိခိုက်တာတွေမဖြစ်အောင်လည်း ကာကွယ်ပေးပါတယ်။

Detox Water သောက်သုံးပေးမယ်ဆိုရင် ကျန်းမာရေးနဲ့ မညီညွတ်တဲ့စားသောက်နေထိုင်မှု ပုံစံကြောင့် ကိုယ်တွင်းမှာ အဆိပ်အတောက်ဖြစ်တာမျိုးတွေရှိလာတဲ့အခါမှာလည်း အသည်းကကောင်းကောင်းဖြေရှင်းနိုင်အောင် အထောက်အကူပြုပေးမှာဖြစ်ပါတယ်။


၁၀။ ခံတွင်းအနံ့ဆိုးတွေကို သက်သာစေနိုင်ပါတယ်

ခံတွင်းနံ့ဆိုးရတဲ့ အဓိကအကြောင်းအရင်းက အူမကြီးထဲမှာဘက်တီးရီးယားတွေနဲ့ အဆိပ်အတောက်တွေရှိနေတာကြောင့်ပါ။ Detox Waterသောက်သုံးပေးတာက အူမကြီးကို သန့်စင်စေပြီး ကိုယ်တွင်းအဆိပ်အတောက်တွေကို ဖယ်ရှားပေးနိုင်တာကြောင့် ခံတွင်းနံ့ဆိုးတွေကိုပျောက်ကင်းစေမှာသေချာပါတယ်။

ဒါတွေတင်ပဲလားဆိုတော့မဟုတ်သေးပါဘူး။ Detox Water က အာရုံစိုက်နိုင်စွမ်းကိုတိုးစေနိုင်သလို မှတ်မိနိုင်စွမ်းကိုလည်း တိုးတက်ကောင်းမွန်စေနိုင်ပါတယ်။ ဆံသားတွေကို ကျန်းမာသန်စွမ်းစေပြီး အသားအရေကိုတင်းရင်းလှပစေနိုင်ပါတယ်။

ကိုယ်တွင်းအဆိပ်အတောက်တွေကိုဖယ်ရှားပေးတာကြောင့် ကိုယ်တွင်းအင်္ဂါတွေကိုလည်း ကျန်းမာစေနိုင်ပါတယ်။ ဆံပင်ကျဲတာ၊ပါးတာတွေမဖြစ်အောင်လို့လည်း Detox Water ကိုသောက်ပေးလို့ရပါတယ်။ ဒီလိုမျိုးခေါင်းအစခြေအဆုံး အကျိုးကျေးဇူးတွေရစေနိုင်တဲ့ Detox Water ကိုသောက်ကြည့်ကြဖို့ ပျိုမေတို့ကို အကြံပြုချင်ပါတယ်ရှင့်။