Blog Detail Pic

ဆံပင်အဖျားနှစ်ခွဖြစ်ခြင်းကို ဒီလိုကာကွယ်လိုက်ပါ

by | 15 Feb 2022

ဆံပင်ထိပ်ဖျားလေးတွေ ကွဲထွက်လာခြင်းကို ဆံပင် ၂-ခွဖြစ်တယ်လို့အလွယ်ခေါ်လေ့ ရှိပါတယ်။ သေသေချာချာကြည့်တဲ့အခါ၊ ၂-ခွမကဘဲ ၄-ခွ/၅-ခွ လောက်ထိ ကွဲထွက် တတ်ကြပါတယ်။ ဆံစထိပ်ဖျားကို ကတ်ကြေးနဲ့တိညှပ်ပေးရုံမှတပါး တခြားဘယ်လို နည်းနဲ့မှ ကွဲနေတဲ့ဆံပင်ထိပ်ဖျားကို မူလအတိုင်းပြန်ကောင်းအောင်လုပ်လို့မရနိုင်ပါ။ သို့သော် စိတ်မပျက်ပါနဲ့။ ညှပ်ပြီးတဲ့ ဆံ ပင်ထိပ်ဖျားတွေ နောက်ထပ်ကွဲမ ထွက် လာအောင်အောက်ပါနည်းလမ်းကောင်းများဖြင့် ထိန်းသိမ်းလို့ရပါတယ်။

(၁) ဆံပင် ၂-ခွဖြစ်နေရင်၊ သူဆက်လက်ကွဲထွက်နိုင်တဲ့အပေါ်ပိုင်းရောက်တဲ့အထိ(ဥပမာ.. ဆံပင်ထိပ်ဖျားကနေ လက်တဆစ် လောက်အထိ) ကို ကတ်ကြေးနဲ့ညှပ်ပေး လိုက်ပါ။ မကြာခဏ ဆံသားခြောက်သွေ့ကွဲထွက်လေ့ရှိသူများအဖို့၊ ရက်သတ္တ ၆-ပတ် (သို့မဟုတ်) ၂-လ တစ်ကြိမ်လောက် ဆံပင်ထိပ်ဖျားကို ညှပ်ပေးပါ။

(၂) နေပူပူထဲ ထွက်တော့မယ်ဆိုရင်၊ ဆံပင်ကို ဖားလျားချမသွားဘဲ ခေါင်းစည်းကြိုးဖြင့် စည်းနှောင်ထားသင့်ပါတယ်။ နောက်ပြီး ခေါင်းစည်းပုဝါ(သို့မဟုတ်)ဦးထုပ်(သို့မဟုတ်)ထီး စသည်တို့ကို အကာအကွယ်ယူ၍ နေပူထဲထွက်ပါ။

(၃) ခေါင်းလျှော်ပြီးတဲ့အခါ conditionerဆံပင်ပျော့ဆေး သုံးတဲ့အလေ့ကျင့်ကောင်းကိုမွေးမြူပါ။ ဒီနည်း က ဆံပင်ထိပ် ၂-ခွဖြစ်မလာအောင် အ ကောင်းဆုံးကာကွယ်နည်းဖြစ်ပါတယ်။ (conditioner သုံးတဲ့အခါမှာ၊ ရှမ်ပူတွေသုံးသလိုမျိုး ဦးရေပြားအထိရောက်အောင် လိမ်းပေးဖို့မလိုအပ်ပါဘူး။ conditioner ကို နားရွက်အောက်ဖက်မှစ၍ မိမိဆံပင် ရှည်အောက်ခြေထိပ်ဖျားအထိ လိမ်းပေးရမှာဖြစ် ပါတယ်)

(၄) ဆံပင် ၂-ခွဖြစ်ခြင်းအတွက် အကြောင်းအမျိုးမျိူးကြောင့် ဆံပင်ညှပ်ဆိုင်ကို မသွားနိုင်သေးတဲ့အခါ၊ မိမိဖာသာအိမ်မှာ ကတ်ကြေးနဲ့ညှပ်လို့ရပါတယ်။ (သို့သော် ကပ်ကြေးအတုံးတွေ နဲ့ စက္ကူညှပ် ကတ်ကြေးတွေက ဆံသားကိုနာစေလို့ ထိုကပ်ကြေးမျိုး တွေကို မသုံးသင့်ပါဘူး)

(၅) ရှမ်ပူတွေနဲ့ခေါင်းလျှော်တဲ့အခါတိုင်း ထိုရှမ်ပူအမွှေးရနံ့တွေ ပျောက်တဲ့အထိ ဦးရေပြားကနေပြီး ရေများများလောင်းချပေး ပါ။

(၆) ဓာတုပစ္စည်းတွေများများပါတဲ့ ရှမ်ပူခေါင်းလျှော်ရည်အမျိုးအစားကို (အထူး) ရှောင်ပါ။

(၇) ဆံပင်ရေစိုနေတဲ့အချိန်မှာ ဘီးဖြင့် ခပ်ကြမ်းကြမ်းမဖြီးပါနဲ့။

(၈) တစ်နေ့ကို အနည်းဆုံး ၃-ကြိမ်မှ အများဆုံး ၆-ကြိမ်အထိသာခေါင်းဖြီးပါ။ မကြာခဏဆိုသလို ဆံပင်တွေကို မလိုအပ်ဘဲ လက်နဲ့ပွတ်သက်ခြင်း၊ ဘီး- ဘရက် ရှ် တွေနဲ့ ဖြီးခြင်းက ဆံပင် ၂-ခွဖြစ်လာစေရုံမှျှမက၊ ဆံပင် ကျွတ်စေနိုင် ပါတယ်။

(၉) ဆံပင်ဖြီးတဲ့အခါ ဦးရေပြားမှနေ၍ ဆံစထိပ်ဖျားသို့သာ အပေါ်မှအောက်ဖက် သို့ အသာအယာဆွဲချ ဖြီးပေးရမှာဖြစ်ပြီး၊ ၎င်း နဲ့ပြောင်းပြန် အောက်မှအပေါ်သို့ လှန်ဖြီးခြင်း မျိူးကို ရှောင်ပါ။

(၁၀) ဆံသားတွေကို ဘီးနဲ့ခုတ်၍ ဆံပင်အမောက်ထောင်ခြင်းကလည်း ဆံသား ပျက်စီး ကာ ဆံပင် ၂-ခွ ဖြစ်လာစေလို့ သတိပြု သင့်ပါတယ်။
ခြောက်သွေ့ပျက်စီးနေသော ဆံကေသာကို သဘာဝနည်းဖြင့် ထိန်းသိမ်းနည်း သင့်ဆံပင်သားကို ဖြောင့်လိုက်၊ ကောက်လိုက် မကြာခဏ ပြုလုပ်တာ ကြောင့်ရော၊ သဘာဝ နေပူဒဏ်နဲ့ ထိ တွေ့မှုကြောင့်ပါ ဆံပင်သား ပျက်စီးထိ ခိုက်နေရင် သင့်အိမ်မီးဖိုချောင်ရှိ အိမ်သုံးပစ္စည်းတွေ ကို သုံးပြီး အောက်ပါအတိုင်း ထိန်းသိမ်းပြုပြင် ပေးနိုင်ပါတယ်။

သံလွင်ဆီသုံးပြီး ဆံကေသာကို ပုံမှန်ထိန်းသိမ်းနည်း


ခေါင်းလျှော်ခါနီးတိုင်း လုပ်ဆောင် နိုင်တဲ့နည်း ဖြစ်ပါတယ်။ အမြဲပုံမှန်ပြု လုပ်သွားမယ်ဆိုရင်ဆံကေသာ တောက် ပြောင်သန်စွမ်းနေပါလိမ့်မယ်။
(၁) ဆံပင်သားအနှံ့ သံလွင်ဆီလိမ်းကာ ဦးရေပြားကို နှိပ်နယ်ပေးပါ။


(၂) သင့်ဦးခေါင်းကို ခေါင်းစွပ်(Shower Cap)နဲ့ မိနစ် ၉၀ ခန့် ဖုံးအုပ်ထားပါ။ ဒါဆိုရင် သင့်ဦးခေါင်းက အပူတွေ ဖျာ ထွက်မှု မရှိဘဲ ဆံပင်သားကို နက်နက်နဲနဲ ချောမွေ့စေမှာ ဖြစ်ပါတယ်။ ပင်လယ် ကမ်းခြေမှာ ဒီနည်းလမ်းကို လိုက်နာလုပ် ဆောင်မယ်ဆိုရင် နေရောင်ခြည်က အပူတွေဟာ သင့်ဆံကေသာကို သံလွင်ဆီကနေ အာဟာရ ဓာတ်တွေ စုပ်ယူနိုင်အောင် ကူညီပါလိမ့်မယ်။


(၃) ပြီးရင် သံလွင်ဆီတွေ ကင်းစင်သွား အောင် ခေါင်းလျှော်ပေးပါ။

ဆံကေသာကို ပေါင်းတင်နည်း
ထိခိုက်ပျက်စီးနေတဲ့ သင့်ဆံပင်သားတွေ နူးညံ့ချောမွေ့နေစေဖို့ တစ်ပတ်တစ်ကြိမ် ပြုလုပ်နိုင်တဲ့ ပေါင်းတင်နည်း ဖြစ်ပါတယ်။

လိုအပ်သော ပစ္စည်းများ- ပျားရည်၊ သံလွင်ဆီ၊ ကြက်ဥ/ဘဲဥအနှစ်


(၁) ကြက်ဥ/ဘဲဥအနှစ်တစ်လုံး၊ သံလွင် ဆီ ထမင်းစားဇွန်း သုံးဇွန်းနဲ့ ပျားရည် ထမင်းစားဇွန်းတစ်ဇွန်းတို့ကို သမအောင် ရောမွှေပြီး ဦးရေပြားအနှံ့ သုတ်လိမ်းပေး ပါ။


(၂) ပျားရည်ဟာ ရေဓာတ်ကို ထိန်းထား နိုင်စွမ်း ရှိတာကြောင့် ဆံကေသာကို စို ပြည်စေပါတယ်။


(၃) ပြီးရင် ခေါင်းစွပ်(Shower Cap) စွပ်ထားပြီး မိနစ် ၃၀ ခန့် ကြာမှ ရေနဲ့ ဆေးကြောပေးပါ။ ဆံကေသာ ပျော့ပျောင်း သန်စွမ်းသွားတာကို တွေ့ရပါလိမ့်မယ်။